International News: နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ထရန့်နဲ့ ပူတင် ဖုန်းဖြင့်ဆွေးနွေး

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရပြီးနောက် ရုရှားနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမယ်လို့ နိုင်ငံရေးသုံးသပ်သူတွေကလည်း ခန့်မှန်ထားပါတယ်။

play


အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ထရန့်နဲ့ပူတင်တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး အပါအဝင် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရေးကို ဖုန်းဖြင့်ဆွေးနွေးခဲ့ကြပါတယ်။

play


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် ဖုန်းပြောဆိုခဲ့စဉ်ကတည်းက အမေရိကန်နဲ့ရုရှား နှစ်နိုင်ငံဆက်ဆံမှု ပုံမှန်ဖြစ်ရေးနဲ့ နိုင်ငံတကာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို ပူးပေါင်းတိုက်ဖျက်ရန် သဘောတူညီခဲ့ကြကြောင်းလည်း သိရပါတယ်။

play
ဆီးရီးယားပြည်တွင်းစစ်၊ စနိုးဒင်းကိစ္စနဲ့ ယူကရိန်းအရေးတို့က အဓိက ပြဿနာများဖြစ်ခဲ့


ယခုတစ်ကြိမ်မှာ ထရန့်နဲ့ပူတင်တို့ကြား အမေရိကန်သမ္မတရွေးကောက်ပွဲပြီးနောက် ဒုတိယအကြိမ် ဖုန်းဆက်သွယ်ပြောဆိုမှု ဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ဆီးရီးယားပြည်တွင်းစစ်၊ အက်ဒဝပ် စနိုးဒင်းကိစ္စနဲ့ ယူကရိန်းအရေးတို့က အဓိက ပြဿနာများဖြစ်ခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ထရန့်နဲ့ ပူတင်တို့ဟာ ဖုန်းဆက်သွယ်မှုများ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပြီး သီးသန့် တွေ့ဆုံဆွေးနွေးသွားရန်လည်း အစီအစဉ်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်ရွေးကောက်ခံသမ္မတထရန့်ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး လက်ရှိသမ္မတ အိုဘားမားနေရာကို ဆက်ခံသွားမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရပြီးနောက် ရုရှားနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမယ်လို့ နိုင်ငံရေးသုံးသပ်သူတွေကလည်း ခန့်မှန်ထားကြောင်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ