International News: ရုရှား စီးပွားရေးဝန်ကြီး ဒေါ်လာနှစ်သန်း လာဘ်စားမှုဖြင့် ထိန်းသိမ်းခံရ

လာဘ်စားမှုဖြင့် စီးပွားရေးဝန်ကြီး ဖမ်းဆီးထိန်းသိမ်းခံရမှု ၁၉၉၁ ခုနှစ်နောက်ပိုင်း ရုရှားမှာ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦးကို ထိန်းသိမ်းမှုလည်း ဖြစ်လာပါတယ်။

play
ရုရှား စီးပွားရေးဝန်ကြီး Alexei Ulyukayev


ရုရှားနိုင်ငံ စီးပွားရေးဝန်ကြီး Alexei Ulyukayev ကို လာဘ်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရပါတယ်။ စီးပွားရေးဝန်ကြီးဟာ အမေရိကန်ဒေါ်လာ ၂ သန်း လာဘ်ယူခဲ့ကြောင်း ရုရှားနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းက ပြောပါတယ်။

play
သမ္မတပူတင်နှင်အတူ တွေ့ရသည့် စီးပွားရေးဝန်ကြီး (ယာဘက်)


စီးပွားရေးဝန်ကြီးဌာနက ရေနံကုမ္ပဏီ Rosneft အနေနဲ့ အခြား ပြိုင်ဘက်ရေနံကုမ္ပဏီ Bashneft ရဲ့ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဝယ်ယူရေးမှာ တရားမဝင် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ လာဘ်စားမှုဖြင့် စီးပွားရေးဝန်ကြီး ဖမ်းဆီးထိန်းသိမ်းခံရမှု ၁၉၉၁ ခုနှစ်နောက်ပိုင်း ရုရှားမှာ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦးကို ထိန်းသိမ်းမှုလည်း ဖြစ်လာပါတယ်။

play
စီးပွားရေးဝန်ကြီးကို တရားရုံးသို့ ခေါ်ဆောင်လာစဉ်


ရုရှားမှာ အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဆောင်ရွက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက စီးပွားရေးဝန်ကြီး Alexei Ulyukayev ကို မကြာမီ စွဲချက်တင်သွားမယ်လို့ ပြောပါတယ်။ စီးပွားရေးဝန်ကြီးဟာ လာဘ်စားမှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၈ နှစ်နဲ့ ၁၅ နှစ်ကြား ထောင်ဒဏ်ကျခံရနိုင်ကြောင်း သိရပါတယ်။

၎င်းဟာ စီးပွားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ်မျာ ခန့်အပ်ခံခဲ့ရပြီး ရုရှားဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ဆယ်စုနှစ်တစ်ခုကြာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ရုရှားအစိုးရက ထိန်းချုပ်ထားတဲ့ Rosneft ရေနံကုမ္ပဏီက Bashneft ကုမ္ပဏီရဲ့ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖြင့် အောက်တိုဘာလအတွင်းက ဝယ်ယူခဲ့ပါတယ်။
Source & Photo: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ