International News: လူငယ်အမတ်နှစ်ဦးကို အရည်အချင်းမပြည့်မီကြောင်း ဟောင်ကောင်တရားရုံးချုပ် ဆုံးဖြတ်

တရုတ်အစိုးရက အမတ်နှစ်ဦးကို ဟောင်ကောင်ဥပဒေပြုလွှတ်တော်မှာ ပါဝင်ခွင့်မပြုကြောင်း ကြားဝင်ပြောကြားခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာမှာ တရားရုံးချုပ်ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။

play
ရွေးကောက်ပွဲအနိုင်ရ စစ္စတက်လောင်နှင့် ယူဝေချန်း။


ဟောင်ကောင်တရားရုံးချုပ်က ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ခွဲထွက်ရေးလိုလားသူ လူငယ်အမတ်နှစ်ဦးဟာ ဥပဒေပြုလွှတ်တော်မှာ ပါဝင်နိုင်ရန် အရည်အချင်း မပြည့်မီကြောင်း ယနေ့ (နိုဝင်ဘာ ၁၅ ရက်) မှာ ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်အစိုးရက အဆိုပါ အမတ်နှစ်ဦးကို ဟောင်ကောင်ဥပဒေပြုလွှတ်တော်မှာ ပါဝင်ခွင့်မပြုကြောင်း ကြားဝင်ပြောကြားခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာမှာ ယခု တရားရုံးချုပ်ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

play


ခွဲထွက်ရေး လိုလားတဲ့ အမတ်နှစ်ဦးက ဥပဒေပြုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုမှုအတွင်း ဟောင်ကောင်ဟာ တရုတ်ရဲ့အစိတ်အပိုင်းဖြစ်ကြောင်းကို ထည့်သွင်း ပြောကြားနိုင်ခြင်း မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ လူငယ်အမတ်နှစ်ဦးဖြစ်ကြတဲ့ စစ္စတက်လောင်နဲ့ ယူဝေချန်း စစ္စတက်လောင်နဲ့ ယူဝေချန်းတို့က အောက်တိုဘာ ၁၂ ရက်က ဥပဒေပြုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုရာမှာ ထိုသို့ ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။

play


ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်မှာ 'တစ်နိုင်ငံ ဖွဲ့စည်းပုံစနစ် နှစ်မျိုး' သဘောတူညီမှုဖြင့် ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဟောင်ကောင်ဟာ တရုတ်လက်အောက်မှ ခွဲထွက်နိုင်ရေး နှစ်ပေါင်း ၅၀ ကြာ ဆောင်ရွက်လာခဲ့ပေမဲ့ လက်ရှိမှာ သီးခြားလွတ်လပ်ခွင့်များ ဆုံးရှုံးလာမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာနေပါတယ်။ ဟောင်ကောင်မှာ တရုတ်လက်အောက်မှ ခွဲထွက်ရေးလိုလားသူနဲ့ တရုတ်အစိုးရ လိုလားသူ အုပ်စုနှစ်ခုလည်း ရှိနေကြောင်း သိရပါတယ်။
Source & Photo: AFP, CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ