AD
AD
AD
play

 

ပြီးခဲ့တဲ့ တနင်္လာနေ့ ညသန်းခေါင်းယံအချိန်မှာ နယူဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းဆယ်လေးဟာ ငလျင်အန္တရာယ်ကို ခံစားခဲ့ရပါတယ်။ ငလျင်ပြင်းအား ၇.၅ အထိရှိခဲ့တာကြောင့် အပျက်အစီးများခဲ့ပြီး အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နယူးဇီလန်နိုင်ငံ မြို့တော် ဝယ်လင်တန်အထိပါ ငလျင်ဒဏ် ခံစားခဲ့ရပြီး မနက်လင်းချိန်မှာတော့ ကြီးမားတွေအပျက်အစီးတွေကို  တွေ့ခဲ့ကြရပါတယ်။ ငလျင်လှုပ်ခပ်မှုအပြီး စိတ်ထိခိုက်စရာအကောင်းဆုံး အပျက်အစီး ဓာတ်ပုံ (၈) ပုံကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ငလျင်ဗဟိုချက်အနီး ကိုင်ကော်ရာ အရပ်က အဓိက ရထားလမ်းကြီးဟာ မြေပြိုမှုကြောင့် ပျက်စီးသွားခဲ့ပုံဖြစ်ပါတယ်။ အဝေးပြေးလမ်းမလည်း ပိတ်ဆို့သွားခဲ့ရပါတယ်။

play

 

၂။ နိုင်ငံအတွင်း အဓိက အဝေးပြေးလမ်းမတစ်ခုဖြစ်တဲ့ State Highway One ရဲ့ အပျက်အစီးကိုလည်း အခုလို တွေ့ရပါတယ်။

play

 

၃။ ငလျင်ကြောင့် မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး ကျဉ်းမြောင်းတဲ့ မြေသားပေါ်မှာ နွားသုံးကောင် အသက်ရှင်လျက် ကျန်ခဲ့ပုံ ဖြစ်ပါတယ်။

play

 

၎။ ကိုင်ကော်ရာဒေသရဲ့ အနောက်မြောက်ဘက်မှာ မြေပြိုမှုကြောင့် Clarence မြစ်ဟာ သဘာဝ ဆည်အဖြစ် ပြောင်းသွားတာပါ။

play

 

၅။ နယူးဇီလန်ဝန်ကြီးချုပ် (အလယ်မှ အင်္ကျီအဖြူနှင့်) ကိုင်ကော်ရာဒေသကို ရောက်ရှိလာပြီးဒေသခံတွေနဲ့ စကားပြောနေပုံ ဖြစ်ပါတယ်။

play

 

၆။ ဝယ်လင်တန် မြို့တော်အထိ ရောက်ရှိခဲ့တဲ့ ငလျင်ကြောင့် မြို့တော်ဆိပ်ကမ်းက ကွန်တိန်နာတွေ လဲပြိုကျသွားပုံဖြစ်ပါတယ်။

play

 

၇။ မြို့တော်အတွင်းက ဈေးဆိုင်တွေရဲ့ အပျက်အစီး ဓာတ်ပုံကို အခုလို တွေ့ရတာပါ။

play

 

၈။ ဝယ်လင်တန်မှာ နေထိုင်ကြတဲ့ လူနှစ်ဦးက မနက်နိုးလာတဲ့အခါ အိမ်မှာဖြစ်သွားတဲ့ အပျက်အစီးတွေကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ် တင်ထားပါတယ်။

play

 

Source : IBtimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD