International News: ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်

ယခု ပြန်လည်စတင်လိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အစိုးရက အလက်ပိုမြို့ အရှေ့ပိုင်းကို ချေမှုန်းတဲ့စစ်ဆင်ရေး နောက်တစ်ဆင့် ဆောင်ရွက်လာမှုအဖြစ် စိုးရိမ်နေကြပါတယ်။

play


ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီရီးယားနိုင်ငံ အလက်ပိုမြို့ရှိ သူပုန်များထိန်းချုပ်ထားရာ ဒေသတွကို လေကြောင်းတိုက်ခိုက်မှုများ သီတင်းသုံးပတ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်လာခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်အဖွဲ့က ပြောကြားမှုအရ ယနေ့ (နိုဝင်ဘာ ၁၅ ရက်) ပြန်လည်စတင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဟိုင်ဒါရီယာ၊ မက်ဆာခင် ဟန်နာနိုနဲ့ ရှိတ်ခ်ဖာရစ် ဒေသတွေကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။

play


ဆီးရီးယားအစိုးရနဲ့ မဟာမိတ် ရုရှားတို့က အလက်ပိုမြို့ခံတွေနဲ့ သူပုန်များ ထွက်ခွာသွားနိုင်ရန် လေကြောင်းတိုက်ခိုက်မှုတွေကို အောက်တိုဘာလလယ်မှာ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားအရေး တက်ကြွှလှုပ်ရှားသူတွေက ယခု ပြန်လည်စတင်လိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အစိုးရက အလက်ပိုမြို့ အရှေ့ပိုင်းကို ချေမှုန်းတဲ့စစ်ဆင်ရေး နောက်တစ်ဆင့် ဆောင်ရွက်လာမှုအဖြစ် စိုးရိမ်နေကြပါတယ်။

play


အစောပိုင်းက အလက်ပိုမြို့ အနောက်ဘက် သူပုန်များထိန်းချုပ်တဲ့ ကျေးရွာတစ်ရွာရှိ ဆေးရုံကို လေကြောင်းမှဗုံးကြဲမှု ထိမှန်ခဲ့ကြောင်းနဲ့ ၂၄ နာရီအတွင်း တတိယမြောက် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ထိမှန်ခံရမှုဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားစောင့်ကြည့်အဖွဲ့က ပြောပါတယ်။
Source & Photo: BBC, NY Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ