International News: ဖိလစ်ပိုင်ကို အိုင်အက်စ်ရောက်လာပါက လူ့အခွင့်အရေးကိုမေ့ထားပြီး နှိမ်နင်းမည်ဟု ဒူတာတေးပြော

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာဒိုပြည်နယ်ဟာ စစ်သွေးကြွတွေနဲ့ မငြိမ်မသက်မှုတွေ ရှိနေပြီး အဆိုပါဒေသကို အိုင်အက်စ်တို့က အသုံးချလာနိုင်ကြောင်း ဒူတာတေးက သတိပေးခဲ့ပါတယ်။

play


ဆီးရီးယားနဲ့ အီရတ်မှာ နယ်မြေများ ဆုံးရှုံးလာရတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက် အခြေစိုက်လာနိုင်ကြောင်းနဲ့ ထိုသို့ဖြစ်လာပါက လူ့အခွင့်အရေးကိစ္စတွေကို မေ့ထားပြီး အိုင်အက်စ်တွေကို နှိမ်နင်းသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပါတယ်။

play


ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာဒိုပြည်နယ်ဟာ စစ်သွေးကြွတွေနဲ့ မငြိမ်မသက်မှုတွေ ရှိနေပြီး အဆိုပါဒေသကို အိုင်အက်စ်တို့က အသုံးချလာနိုင်ပြီး အကြမ်းဖက်မှုနဲ့ အစွန်းရောက်သမားတွေက နိုင်ငံလုံခြုံရေးကို ထိပါးလာနိုင်ကြောင်း ဒူတာတေးက သတိပေးပါတယ်။

ဖိလစ်ပိုင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ မိန့်ခွန်းပြောကြားစဉ် နိုဝင်ဘာ ၁၄ ရက်မှာ ဒူတာတေးက အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အနေနဲ့ ဒေသတွင်း နိုင်ငံရပ်ခြားမှ အကြမ်းဖက်သမားများ စိမ့်ဝင်နိုင်မှုအပေါ် တိုက်ဖျက်သွားရန် အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဒူတာတေးက ပြောပါတယ်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ မိမိနိုင်ငံအတွင်း ရောက်ရှိလာပါက လူ့အခွင့်အရေးဆိုင်ရာ စောင့်ထိန်းလိုက်နာရမှုတွေကို မေ့ထားပြီး ဖိလစ်ပိုင်ပြည်သူများ လုံခြုံရေးအတွက်သာ အဓိကထား ဆောင်ရွက်သွားမယ်လို့ ဒူတာတေးက သတိပေးလိုက်ပါတယ်။
Source & Photo: Reuters, Google Maps

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ