International News: ဂရိမှာ အိုဘားမားကို ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ဆန္ဒပြသူတွေက အိုဘားမားနဲ့ ဂရိဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးတဲ့ နေရာကို ချီတက်ကြရာ ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီးနောက် ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပါတယ်။

play
ဆန္ဒပြသူများနှင့် ဂရိရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့စဉ်။


ဂရိနိုင်ငံကို လာရောက်တဲ့ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားကို ဆန္ဒပြသူတွေနဲ့ ဂရိရဲတပ်ဖွဲ့ကြား အေသင်မြို့လယ်မှာ ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက်က ဆန္ဒပြသူ ၂,၅၀၀ ခန့်စုရုံးပြီး အမေရိကန် နယ်ချဲ့ဝါဒကို ရှုတ်ချကြောင်းနဲ့ အိုဘားမားကို မကြိုဆိုကြောင်း ရေးသားဖော်ပြထားတဲ့ စာတန်းများကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

play
အမေရိကန်သမ္မတ အိုဘားမားနှင့် ဂရိဝန်ကြီးချုပ် အဲလက်ဆစ်


ဆန္ဒပြသူတွေက အိုဘားမားနဲ့ ဂရိဝန်ကြီးချုပ် အဲလက်ဆစ်တို့ တွေ့ဆုံဆွေးနွေးတဲ့ နေရာကို ချီတက်ကြရာ ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်ခဲ့ပြီးနောက် ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ မီးခိုးဗုံးများဖြင့် လူစုခွဲခဲ့ပါတယ်။ ဆန္ဒသူများအနက် မင်းမဲ့ဝါဒီ ၄၀၀ ခန့် ပါဝင်ခဲ့ပြီး အမှိုက်ပုံးတွေကို မီးရှို့ခဲ့ကြကြောင်းနဲ့ တစ်နာရီခွဲကြာမြင့်ပြီးနောက် လူစုခွဲနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က  ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက ၎င်းရဲ့သမ္မတသက်တမ်းမှာ နောက်ဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် ဂရိ၊ ဂျာမနီနဲ့ ပီရူးနိုင်ငံ ခရီးစဉ်ကို သွားရောက်နေတာ ဖြစ်ပါတယ်။ ဂရိခရီးစဉ်အတွင်း အိုဘားမားက မိန့်ခွန်းပြောရာမှာ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်မှုအပေါ် သတိပေး ပြောကြားသွားခဲ့ကြောင်းလည်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ