International News: ဝန်ကြီးချုပ်မိုဒီရဲ့မိခင် ဘဏ်မှာငွေစက္ကူလဲလှယ်မှု အိန္ဒိယမှာ ထိပ်တန်းသတင်းဖြစ်နေ

မိုဒီရဲ့ သက်ကြီးရွယ်အို မိခင်ဖြစ်သူ ဘဏ်မှာ ကိုယ်တိုင်လာရောက်ပြီး ငွေစက္ကူလဲလှယ်မှုအပေါ် အိန္ဒိယပြည်သူတွေကြား ပြောစမှတ်ပြုစရာ သတင်းဖြစ်ခဲ့ပြီး မတူညီတဲ့ သဘောထားမှတ်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

  play


အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ်မိုဒီက ရူပီး ၅၀၀ နဲ့ ၁,၀၀၀ တန် ငွေစက္ကူနှစ်မျိုးကို ရုပ်သိမ်းပယ်ဖျက်ကြောင်းနဲ့ ဘဏ်တွေမှာ ငွေစက္ကူများလဲလှယ်နိုင်ကြောင်း ကြေညာခဲ့ပြီးနောက် မိုဒီရဲ့ အသက် ၉၄ နှစ်အရွယ် မိခင်ကြီးကိုယ်တိုင်လည်း ဘဏ်ကိုသွားရောက်ကာ ငွေစက္ကူလဲလှယ်ခဲ့ပုံတွေက အိန္ဒိယပြည်သူတွေကြား ပြောစမှတ်ပြုစရာ သတင်းဖြစ်ခဲ့ပါတယ်။

play


မိုဒီရဲ့ မိခင်ဟာ အသစ်ထုတ်လုပ်လိုက်တဲ့ ရူပီး ၂,၀၀၀ တန် ငွေစက္ကူကို ကိုင်ထားပြီး ဘဏ်အပြင်ဘက်မှာ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ မိုဒီရဲ့ သက်ကြီးရွယ်အို မိခင်ဖြစ်သူ ဘဏ်မှာ ကိုယ်တိုင်လာရောက်ပြီး ငွေစက္ကူလဲလှယ်မှုအပေါ် အိန္ဒိယပြည်သူတွေကြား ပြောစမှတ်ပြုစရာ သတင်းဖြစ်ခဲ့ပြီး မတူညီတဲ့ သဘောထားမှတ်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

play


ဝန်ကြီးချုပ်မိုဒီကို ထောက်ခံသူတွေက မိုဒီရဲ့မိခင်ကြီးဟာ သာမန်ပြည်သူတစ်ဦးလို ဘဏ်မှာ ငွေစက္ကူလာရောက်လဲလှယ်တာကို အမွှမ်းတင်ပြောဆိုကြပါတယ်။ ဒါပေမဲ့ မိုဒီရဲ့မိခင်ဟာ နိုင်ငံရေးအတွက် အသုံးချခံရတာဖြစ်ကြောင်း ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက တရားမဝင် ငွေကြေးပိုင်ဆိုင်မှုတွေနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန်အတွက် ရူပီး ၅၀၀ နဲ့ ၁,၀၀၀ တန် ငွေစက္ကူတွေကို ရုပ်သိမ်းပယ်ဖျက်ခဲ့ပါတယ်။ ငွေစက္ကူနှစ်မျိုးကို ရုပ်သိမ်းပယ်ဖျက်ပြီးနောက် အိန္ဒိယဘဏ်တွေနဲ့ အေတီအမ်စက်တွေမှာ ငွေစက္ကူ အပ်နှံလဲလှယ်သူတွေ စုပြုံများပြားခဲ့ပြီး ဘဏ်တွေမှာ ငွေစက္ကူပြတ်လပ်မှုများလည်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ