International News: ထိုင်းမှာ ဇီကာကူးစက်ခံရသူ ၃၃ ဦး ထပ်မံတွေ့ရှိ

အရှေ့တောင်အာရှမှာ ဇီကာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

play

ထိုင်းနိုင်ငံမှာ ဇီကာကူးစက်ခံထားရသူ နောက်ထပ် ၃၃ ဦး ထပ်မံတွေ့ရှိကြောင်း သက်ဆိုင်ရာက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

ယမန်သီတင်းပတ်က ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၃ ဦး ကို ယခင်ကူးစက်ခံထားရပြီး ပြည်နယ်အပြင် နောက်ထပ်ပြည်နယ်နှစ်ခုမှာပါ ထပ်မံတွေ့ရှိလာရကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆူဝမ်နာချိုင် ဝပ်တ္တနာရင်ချာရွန်ချိုင်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ထိုင်းပြည်သူတွေဟာ ဘုရင်ကြီးဘူမိဘောနတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်းလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ဘန်ကောက်ကိုလာရောက်နေကြလို့ ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတိပြုကြဖို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း သတိပေးထားခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဇီကာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်နဲ့ဆက်နွှယ်နေတဲ့ ဦးခေါင်းသေးငယ်နေတဲ့ကလေး မွေးဖွားခဲ့တာပါ။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ