International News: အငိုမရပ်လို့ ကလေးကို ရက်ရက်စက်စက်ရိုက်နေတဲ့ မိခင်

ကလေးငယ်ငယ်လေးကို ရိုက်နေတာ မမြင်ရက်စရာပါပဲ။

play

 

မိခင်က ငိုနေတဲ့ကလေးကို အဆက်မပြတ်ရိုက်နေပုံကို အသက် ၈ နှစ်ရွယ် မိန်းကလေးတစ်ဦးက ဗီဒီယို ရိုက်ထားခဲ့တယ်လို့ ဆိုပါတယ်။

ကလေးငယ်က အငိုမရပ်လို့ဆို သူမရဲ့ လက်ထက်တောင် သေးငယ်နေတဲ့ ကလေးရဲ့ ပါးကို ရိုက်နှက်ဆုံးမနေပုံက တကယ့်ကို မယုံနိုင်စရာပါ။

play

 

ရဲတပ်ဖွဲ့ကတော့ ယင်းဖြစ်ရပ်ကို စုံးစမ်းစစ်ဆေးမယ်လို့ သိရပါတယ်။

ယင်းဗီဒီယိုကို ကာဇက်စတန်တောင်ပိုင်းရှိ အယ်လ်မက်တီမြို့မှာ သြဂုတ်လက ရိုက်ကူးထားတာ ဖြစ်ပေမဲ့ ယခုအပတ်မှ အွန်လိုင်းမှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် နာဂူဆိုတဲ့ အမျိုးသမီးဟာ ကလေးရဲ့ဖခင်ဆီက ငွေလိုချင်လို့ ယင်းဗီဒီယိုကို ရိုက်ကူးခဲ့ပုံရပါတယ်။

play

 

"ကျွန်တော် ရဲတွေကို ဖုန်းဆက်တယ်။ ဒါပေမဲ့ ဘယ်သူကမှ မကူညီဘူး" လို့ ဒေါသထွက်နေတဲ့ ဖခင်က ဆိုပါတယ်။

ဘယ်သူ့ဆီက အကူအညီမှ မရတဲ့အဆုံးမှာ အာဏာပိုင်တွေ သိရှိအရေးယူအောင် ဖိအားပေးဖို့အတွက် သူဟာ ယင်းဗီဒီယိုကို အွန်လိုင်းမှာတင်လိုက်တာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ