International News: မီးနီကို ဖြတ်ပြီး မောင်းလာသူကြောင့် အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတဲ့ သားအမိ ၃ ယောက်

သုံးယောက်စလုံးကို ဖြတ်တိုက်သွားခဲ့တာပါ။

play

 

အသက် ၃၅ နှစ်အရွယ် ပမ်မလာဟက်ဆယ်လ်ဘက်ချာဟာ သေဆုံးသွားခဲ့ပြီး သူမရဲ့ ၃ နှစ်အရွယ် သားလေး ရိုင်ယန်နဲ့ ၁ နှစ်သမီးလေး အူဒရေးတို့မှာလည်း သေလုမြောပါး ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ယင်းဖြစ်ရပ်ကြောင့် ရိုင်ယန်မှာ လက်မောင်းနဲ့ တင်ပါးရိုးတွေ ကွဲအက်သွားကာ ဒဏ်ရာများစွာ ရရှိခဲ့ပြီး သူ့ရဲ့ညီမငယ်လေး အူဒရေးမှာ  လက်ကျိုးသွားခဲ့ကာ ကိုမာဖြစ်သွားပြီး အခုထိ သတိမလည်သေးပါဘူး။

play

 

ယာဉ်မောင်းလိုင်စင်မရှိတဲ့ အသက် ၃၉ နှစ်အရွယ် ဝီလျံအက်ပါလင်းဟာ မီးနီကို ဖြတ်မောင်းလာပြီး သူတို့ကို တိုက်သွားခဲ့တာ ဖြစ်ပါတယ်။

အတိဒုက္ခရောက်နေကြတဲ့ ကလေးငယ်တွေအတွက် GoFundMe အဖွဲ့က ဒေါ်လာ ၃၂,၀၀၀ မတည်ခဲ့ပါပြီ။

play

 

ပမ်မီလာနဲ့ ၂၀၀၇ ခုနှစ်ကတည်းက လက်ထပ်ထားခဲ့ကြတဲ့ ခင်ပွန်းသည် မက်သ်မှာ တစ်ဦးတည်း ဒီကလေးတွေကို ပြုစုစောင့်ရှောက်ရတော့မှာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ