play

 

လေးနှစ်အရွယ် ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားတစ်ဦးကို အရပ်နေပြည်သူတွေက ဝိုင်းဝန်းပြီး သေဆုံးတဲ့အထိရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။

play

 

ဒေါသအလွန်ထွက်နေကြတဲ့ ဒေသခံတွေဟာ အဆိုပါအမျိုးသားကို ရုံးထုတ်စစ်ဆေးတဲ့အချိန်ထိ မစောင့်စားခဲ့ဘဲ ရဲစခန်းကနေ ဆွဲခေါ်သွားခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါအမျိုးသားကို တရွတ်တိုက် ဆွဲမခေါ်ခင်မှာ အမျိုးသားတစ်ဦးကလည်း အချက်ပေါင်းများစွာ ဝင်ရောက် ထိုးနှက်ခဲ့တာတွေ့ရပါသေးတယ်။ ဘိုလီဗီးယားနိုင်ငံ မြောက်ပိုင်း ရီးရက်စ်အရပ်မှာ ဖြစ်ခဲ့တာပါ။

play

 

အဲဒီနောက်  လမ်းမတစ်လျှောက် တရွတ်တိုက်ဆွဲခေါ်လာခဲ့တာဖြစ်ပြီး သစ်ပင်မှာ ချိတ်ဆွဲထားလိုက်ကြပါတယ်။ အဆိုပါအမျိုးသားကို လက်တုန့်ပြန်လိုတဲ့ ဒေသခံတွေဟာ များပြားလွန်းတာကြောင့် ရဲအရာရှိတွေကိုယ်တိုင် ဘာမှမတတ်နိုင်ပဲ ကြည့်နေခဲ့ကြရပါတယ်။ အဓမ္မကျင့်ခံရပြီး သေဆုံးသွားတဲ့ ကလေးငယ်လေးဟာ အဲဒီအရပ်မှာနေထိုင်သူမဟုတ်ဘဲ မိဘတွေနဲ့အတူ အဘွားရဲ့နာရေးကို ခေတ္တရောက်လာခဲ့သူပါ။

အခုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ ကလေးငယ်ရဲ့ အလောင်းကိုရော စွပ်စွဲခံထားရသူ အမျိုးသားရဲ့အလောင်းကိုပါ ဘိုလီဗီးယားမြို့တော် လာပက်ဇ်ကို ပြန်သယ်ပြီးသွားပြီဖြစ်ပြီး အမှုကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

Source : Daily mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video