International News: အင်ဒိုတောမီးကြောင့် လူပေါင်း ၆၉ သန်း ကျန်းမာရေးထိခိုက်စေတဲ့ လေထုညစ်ညမ်းမှု ကြုံခဲ့ရ

သုတေသနအရ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှု ကြုံခဲ့ရသူ ၆,၀၀၀ မှာ တစ်ဦးခန့် သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

play


အင်ဒိုနီးရှားနိုင်ငံနဲ့ ဘော်နီယိုကျွန်းမှာ ၂၀၁၅ ခုနှစ်က လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် လူပေါင်း ၆၉ သန်း ကျန်းမာရေးထိခိုက်စေတဲ့ လေထုညစ်ညမ်းမှု ကြုံခဲ့ရပြီး ထောင်နဲ့ချီတဲ့ အရွယ်မတိုင်မီ သေဆုံးမှုတွေ ဖြစ်ခဲ့ကြောင်း သုတေသနရလဒ်အသစ်က ဖော်ပြပါတယ်။

play


သုတေသနရလဒ်ကို Scientific Reports ဂျာနယ်မှာ ယနေ့ (နိုဝင်ဘာ ၁၆ ရက်) ဖော်ပြခဲ့ပြီး စင်ကာပူနဲ့ အင်ဒိုနီးရှားမှ အခိုးအငွေ့တွေကို စောင့်ကြည့်လေ့လာခဲ့ကြောင်း နယူးကာဆယ်တက္ကသိုလ်က ပြောပါတယ်။

လေထုအရည်အသွေးကို နာရီပိုင်းအလိုက် လေ့လာခဲ့မှုအရ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှ လူဦးရေ လေးပုံတစ်ပုံဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ကျန်းမာရေးနဲ့မညီတဲ့ လေထုညစ်ညမ်းမှုကို တွေ့ကြုံခဲ့ရပါတယ်။

ဗြိတိန်၊ အမေရိကန်၊ စင်ကာပူနဲ့ မလေးရှား နိုင်ငံတို့မှ ပညာရှင်တွေ ပါဝင်တဲ့ သုတေသနအဖွဲ့ရဲ့ သုတေသနရလဒ်အရ အရွယ်မတိုင်မီ သေဆုံးမှု ၆,၁၅၀ နဲ့ ၁၇,၂၇၀ ဟာ လေထုညစ်ညမ်းမှုနဲ့ တိုက်ရိုက်ဆက်နွယ်ကြောင်း သိရပါတယ်။ သုတေသနအရ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှု ကြုံခဲ့ရသူ ၆,၀၀၀ မှာ တစ်ဦးခန့် သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုတွေဟာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း အဆိုးဆုံးဖြစ်ခဲ့ပြီး ရာသီဥတု ပြောင်းလဲမှု၊ မြေယာအသုံးပြုမှု ပြောင်းလဲမှုနဲ့ သစ်တောဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။

Source & Photo: AP, CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ