International News: တရုတ်အစိုးက အလိုအရှိဆုံး အမျိုးသမီး ၁၃ နှစ်ကြာပြီးနောက် ကိုယ်တိုင်အဖမ်းခံ

အသက် ၇၀ နှစ်အရွယ် မစ္စယန်းဟာ တရုတ်နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီး ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်တို့မှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

play


တရုတ်အစိုးရက အကျင့်ပျက်ခြစားမှုဖြင့် အလိုအရှိဆုံးစာရင်းဝင် အမျိုးသမီးတစ်ဦးဟာ ၁၃ နှစ်ကြာ နိုင်ငံရပ်ခြားမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးနောက် တရုတ်သို့ပြန်လာကာ ကိုယ်တိုင်အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

ယန်းရှီဇူး အမည်ရှိ အမျိုးသမီးဟာ ပြည်သူ့ဝန်ထမ်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်ကို အလွဲသုံးစားပြုခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

play


မစ္စယန်း အဖမ်းခံခဲ့ကြောင်းကို တရုတ်ကွန်မြူနစ်ပါတီရဲ့ အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မရှင်က အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၇၀ နှစ်အရွယ် မစ္စယန်းဟာ တရုတ်နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီး ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်တို့မှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

play


မစ္စယန်းဟာ ၂၀၁၄ ခုနှစ်က နယ်သာလန် ပတ်စ်ပို့အတုဖြင့် အမေရိကန်နိုင်ငံကို ဝင်ရောက်ရန်ကြိုးပမ်းစဉ် ထိန်းသိမ်းခံခဲ့ရပါတယ်။ တရုတ်သတင်းတွေရဲ့ ဖော်ပြမှုအရ မစ္စယန်းဟာ အမေရိကန်မှာ ထိန်းသိမ်းခံနေရစဉ် လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိတာကြောင့် တရုတ်နိုင်ငံသို့ပြန်လာပြီး ဆေးဝါးကုသလိုခဲ့ကြောင်း သိရပါတယ်။

တရုတ်အစိုးရက အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေးဆိုင်ရာ ရာဇဝတ်ပြစ်မှုများ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁၀၀ ရဲ့ အမည်စာရင်းကို ၂၀၁၅ ခုနှစ် ဧပြီလအတွင်း ထုတ်ပြန်ခဲ့ရာ မစ္စယန်းမှာ ထိပ်ဆုံးနေရာမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၀၃ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှ ထွက်ခွာသွားပြီး တိမ်းရှောင်နေခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ