International News: ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ တိုက်ခိုက်မှုများအတွင်း ကလေးဆေးရုံ ထိမှန်ခံရ

အလက်ပိုမှာ သီတင်းသုံးပတ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နိုဝင်ဘာ ၁၅ ရက်က ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

play


ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ သူပုန်များထိန်းချုပ်ထားရာ အလက်ပိုမြို့အရှေ့ပိုင်းရှိ ကလေးဆေးရုံ၊ သွေးလှူဘဏ်နဲ့ အရေးပေါ် လူနာတင်ယာဉ်များ အစိုးရတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အမြောက်ဖြင့် ပစ်ခတ်မှုတို့ ထိမှန်ခဲ့ကြောင်း သိရပါတယ်။ ဘရန်းကလေးဆေးရုံ တိုက်ခိုက်ခံရမှုကြောင့် မြေအောက်ခန်းမှာ သွားရောက်ခိုလှုံခဲ့ရကြောင်း အဆိုပါဆေးရုံဒါရိုက်တာက ပြောပါတယ်။

play

 
တက်ကြွလှုပ်ရှားသူတွေရဲ့ အဆိုအရ တိုက်ခိုက်မှုတွေကြောင့် အလက်ပိုမြို့မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကလေးငယ်များ အပါအဝင် အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အလက်ပိုမှာ သီတင်းသုံးပတ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နိုဝင်ဘာ ၁၅ ရက်က ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

play


နိုဝင်ဘာ ၁၅ ရက်က လေကြောင်းတိုက်ခိုက်မှုတွေဟာ ဟိုင်ဒါရီယာ၊ မက်ဆာခင် ဟန်နာနိုနဲ့ ရှိတ်ခ်ဖာရစ် ဒေသတွေကို ထိမှန်ခဲ့ပြီး ကလေး ၅ ဦး၊ အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတစ်ဦး အပါအဝင် အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်အဖွဲ့က ပြောကြားထားပါတယ်။
Source & Photo: BBC, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ