International News: ပီရူးကမ်းခြေ ရှော့ပင်းမောလ် မီးလောင်မှု အနည်းဆုံး လေးဦးသေဆုံး

လီမာမြို့ ပင်လယ်ကမ်းခြေရှိ လာကိုမာ ရှော့ပင်းမောလ်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး လျှပ်စစ်သုံးစွဲပိုင်းမှာ ရှော့ဖြစ်ရာမှ မီးလောင်မှု စတင်ခဲ့ကြောင်း ပီရူးသမ္မတက ဆိုပါတယ်။

  play


ကမ္ဘာတစ်ဝန်းမှ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီးညီလာခံ ကျင်းပသွားမယ့် ပီရူးနိုင်ငံ လီမာမြို့ရှိ ပင်လယ်ကမ်းခြေ ရှော့ပင်းမောလ်တစ်ခုမှာ မီးလောင်မှုဖြစ်ခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) က လီမာမြို့ ပင်လယ်ကမ်းခြေရှိ လာကိုမာ ရှော့ပင်းမောလ်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး လျှပ်စစ်သုံးစွဲပိုင်းမှာ ရှော့ဖြစ်ရာမှ မီးလောင်မှု စတင်ခဲ့ကြောင်း ပီရူးသမ္မတ ပက်ဒရို ပက်ဘလိုက ဆိုပါတယ်။

play


မီးလောင်မှုအတွင်း သေဆုံးသူတွေဟာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့ ၎င်းတို့ရဲ့ရုပ်အလောင်းတွေဟာ အလွန်အမင်း လောင်ကျွမ်းခံထားရတာကြောင့် မသေချာကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဟူဂိုဘီဂါဇိုက ပီရူးသတင်းဌာန RPP ကို ပြောပါတယ်။

play


ပီရူးပြည်ထဲရေးဝန်ကြီး ကားလို့စ် ဘက်ဆမ်ဘရီယိုရဲ့ အဆိုအရ ရှော့ပင်းမောလ်အတွင်း ရုပ်ရှင်ရုံတွေမှာ တပ်ဆင်ထားတဲ့ အသံလုံနံရံတွေမှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေပါဝင်တာကြောင်း မီးကူးစက်မှုဟာ လျင်မြန်ခဲ့ကြောင်း သိရပါတယ်။ ပီရူးနိုင်ငံမှာ အာရှ-ပစိဖိတ် စီးပွားရေးပူပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး ကျင်းပရန်စီစဉ်ထားပါတယ်။

play


အမေရိကန်သမ္မတ ဘာရတ် အိုဘားမား အပါအဝင် ရုရှား၊ တရုတ်၊ ဂျပန်နဲ့ အာရှ-ပစိဖိတ် ဒေသတွင်းမှ နိုင်ငံ့ခေါင်းဆောင်တွေဟာ ယနေ့ (နိုဝင်ဘာ ၁၇ ရက်) နဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ပီရူးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားဟာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ရှော့ပင်းမောလ်နဲ့ မျက်နှာချင်းဆိုင်က ဟိုတယ်တစ်ခုမှာ တည်းခိုနေထိုင်ရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ