International News: အီရတ်တပ်ဖွဲ့ရဲ့ မိုဆူးလ်မြို့သိမ်းစစ်ဆင်ရေး ရာသီဥတုဆိုးရွားမှုကြောင့် နှောင့်နေးနေ

အီရတ်တပ်ဖွဲ့နဲ့ မဟာမိတ်တို့ဟာ လွန်ခဲ့တဲ့တစ်လက မိုဆူးလ်မြို့ ပြန်သိမ်းရေး စစ်ဆင်ရေးစတင်ခဲ့တာဖြစ်ပြီး မြို့အနီး ချဉ်းကပ်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

  play


အီရတ်အစိုးရတပ်ဖွဲ့တွေရဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားတဲ့ မိုဆူးလ်မြို့ကို ထိုးဖောက်သိမ်းပိုက်ရန် စစ်ဆင်ရေးဆောင်ရွက်နေမှုမှာ ရာသီဥတုဆိုးရွားမှုကြောင့် ရပ်ဆိုင်းထားရကြောင်း သိရပါတယ်။ အီရတ်တပ်ဖွဲ့နဲ့ မဟာမိတ်တို့ဟာ လွန်ခဲ့တဲ့တစ်လ အောက်တိုဘာ ၁၇ ရက်က မိုဆူးလ်မြို့ ပြန်သိမ်းရေး စစ်ဆင်ရေးစတင်ခဲ့တာဖြစ်ပြီး မြို့အနီး ချဉ်းကပ်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

play
အိုင်အက်စ်အဖွဲ့ရဲ့ မော်တော်ကျည်စက်ရုံမြင်ကွင်း


လက်ရှိမှာ ရာသီဥတုဆိုးရွားတာကြောင့် မြင်ကွင်းမရှင်းလင်းပဲ လေကြောင်းပစ်ကူပေးရန် အခက်အခဲရှိနေကြောင်း အီရတ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောပါတယ်။ အိုင်အက်စ်အဖွဲ့က စနိုက်ပါများ၊ ဗုံးထောင်ချောက်များနဲ့ အသေခံဗုံးခွဲမှုများဖြင့် အီရတ်တပ်ဖွဲ့တွေကို အပြင်းအထန် ခုခံနေကြောင်းလည်း သိရပါတယ်။

play
မိုဆူးလ်တိုက်ပွဲအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရမှု


အိုင်အက်စ်တို့က မိုဆူးလ်မြို့ကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်း သိမ်းပိုက်ခဲ့ပြီး အခိုင်အမာ ခြေကုပ်ရယူထားခဲ့ပါတယ်။ မိုဆူးလ်မြို့ ပြန်သိမ်းတဲ့ စစ်ဆင်ရေးကို အီရတ်လုံခြုံရေးတပ်ဖွဲ့များ၊ စစ်သားများ၊ ရဲများ၊ ကာဒစ်လက်နက်ကိုင်များ၊ ဆွန်နီအာရပ်မျိုးနွယ်စု လက်နက်ကိုင်များနဲ့ ရှီအာလက်နက်ကိုင်များ အပါအဝင် အင်အား ၅၀,၀၀၀ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ