International News: တောင်ကိုရီးယားသမ္မတကို စစ်ဆေးရန် အထူးစုံစမ်းရေးမှူး ခန့်အပ်မည်

လွှတ်တော်ခွင့်ပြုချက်ဟာ သမ္မတရာထူးမှ နုတ်ထွက်ရန် ပြည်သူတွေရဲ့တောင်းဆိုမှု ကြုံနေရတဲ့ သမ္မတပတ်ဂွန်ဟေးအတွက် နိုင်ငံရေးဖိအား သိသာစွာ တိုးမြင့်လာမှုလည်း ဖြစ်ပါတယ်။

play
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး။


တောင်ကိုရီးယားလွှတ်တော်က သမ္မတပတ်ဂွန်ဟေး ပတ်သက်နေတဲ့ နိုင်ငံရေးအရှုပ်အထွေးကို စစ်ဆေးသွားရန် အထူးစုံစမ်းရေးမှူးတစ်ဦး ခန့်အပ်သွားမယ့်အဆိုကို ယနေ့ (နိုဝင်ဘာ ၁၇ ရက်) သဘောတူခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ လွှတ်တော်ခွင့်ပြုချက်ဟာ သမ္မတရာထူးမှ နုတ်ထွက်ရန် ပြည်သူတွေရဲ့တောင်းဆိုမှု ကြုံနေရတဲ့ သမ္မတပတ်ဂွန်ဟေးအတွက် နိုင်ငံရေးဖိအား သိသာစွာ တိုးမြင့်လာမှုလည်း ဖြစ်ပါတယ်။

play
တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရန် ဆန္ဒပြမှု။


သမ္မတပတ်ဂွန်ဟေးဟာ သူမရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ကို နိုင်ငံရေးကိစ္စရပ်တွေမှာ ပါဝင်စွက်ဖက်ခွင့်ပြုခဲ့ရာက တောင်ကိုရီးယားနိုင်ငံရေး အရှုပ်အထွေး ဖြစ်ပေါ်လာခဲ့ပါတယ်။ လွှတ်တော်က ခန့်အပ်ခွင့်ပြုလိုက်တဲ့ အထူးစုံစမ်းရေးမှူးဟာ သမ္မတရဲ့ နိုင်ငံရေးအရှုပ်အထွေးကို စစ်ဆေးဆောင်ရွက်ရန် ရက်ပေါင်း ၁၂၀ အချိန်ရကြောင်းနဲ့ လိုအပ်တဲ့ စွဲချက်တင်မှုတွေ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။

play
တောင်ကိုရီးယားသမ္မတရဲ့ သူငယ်ချင်းအမျိုးသမီးကို ဖမ်းဆီးလာစဉ်။


သမ္မတပတ်ဂွန်ဟေးရဲ့ရှေ့နေ ယိုယောင်ဟာက ၎င်းအနေနဲ့ အထူးစုံစမ်းရေးမှူးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး သမ္မတပတ်ဂွန်ဟေးကို လာမယ့် သီတင်းပတ်အတွင်း မေးမြန်းမှုတွေ ပြုလုပ်သွားမယ်လို့ ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။ သမ္မတပန်ဂွန်ဟေးကို စစ်ဆေးမေးမြန်းမှုဟာ တောင်ကိုရီးယားမှာ လက်ရှိ နိုင်ငံ့ခေါင်းဆောင်ကို ပထမဆုံးအကြိမ် မေးမြန်းမှုလည်း ဖြစ်လာပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ