International News: နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှ နုတ်ထွက်ဖွယ်ရှိဟု ဖိလစ်ပိုင်သမ္မတပြော

ဖိလစ်ပိုင်သမ္မတက ICC သဘောတူစာချုပ်မှာ ဖိလစ်ပိုင်နိုင်ငံ လက်မှတ်ရေးထိုးထားခြင်းကို ပယ်ဖျက်ပြီး နုတ်ထွက်ရန် ညွှန်ကြားဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

play
ဖိလစ်ပိုင်သမ္မတ ဒူတာတေး


ဖိလစ်ပိုင်အနေနဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (International Criminal Court - ICC) မှ နုတ်ထွက်သွားဖွယ်ရှိနေကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ပြောကြားလိုက်ပါတယ်။ ICC ဟာ အသုံးမဝင်ဘဲ အနောက်အုပ်စုက ဖိလစ်ပိုင်မှာ ဆင်နွှဲနေတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကို သဘောမကျမှုကို ကိုယ်စားပြုဖော်ပြနေတယ်လို့လည်း ဖိလစ်ပိုင်သမ္မတက ဆိုပါတယ်။

play
ရုရှားသမ္မတ ဗလာမီမာ ပူတင်


၎င်းရဲ့ မူးယစ်ဆေးဝါးစစ်ပွဲကို အနောက်နိုင်ငံတွေက ဝေဖန်မှုတွေရှိခဲ့နေခဲ့မှုအပေါ် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တုံ့ပြန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ကမ္ဘာတစ်ဝန်းမှ စစ်ပွဲတွေကို ဟန့်တားနိုင်ခြင်း မရှိကြောင်းလည်း ဒူတာတေးက အပြစ်တင်ပြောကြားခဲ့ပါတယ်။

play
နိုင်ငံတကာရာဇဝတ်မှုခုံရုံး ရုံးချုပ် အဆောက်အအုံ


အစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ICC ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်မှာ ရုရှားလက်မှတ်ရေးထိုးထားမှုမှ ပယ်ဖျက်သွားရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ ယခုအခါ ဖိလစ်ပိုင်သမ္မတကလည်း ပူတင်ကဲ့သို့ပင် ICC သဘောတူစာချုပ်မှာ ဖိလစ်ပိုင်နိုင်ငံ လက်မှတ်ရေးထိုးထားခြင်းကို ပယ်ဖျက်ပြီး နုတ်ထွက်ရန် ညွှန်ကြားဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ပီရူးနိုင်ငံ လီမာမြို့မှာ ကျင်းပပြုလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံ တက်ရောက်ရန် မထွက်ခွာမီ ဖိလစ်ပိုင်သမ္မတက ထိုသို့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပီရူးမှာရှိနေစဉ် ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံရန် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ဒူတာတေး သမ္မတဖြစ်လာပြီးနောက် အမေရိကန်နဲ့ ကာလရှည်ကြာ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နေရာမှ ရုရှားနဲ့ တရုတ်နိုင်ငံတို့နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်လာမှုတွေ ရှိခဲ့ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ