International News: နှုတ်ဆက်ခရီးစဉ်သွားနေတဲ့ အိုဘားမား ဂျာမနီကို ရောက်ရှိ

ကမ္ဘာ့စီးပွားရေး ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူးလူးဆက်ဆံမှုတို့က မရှိမဖြစ် အရေးပါခဲ့ကြောင်း အိုဘားမားနဲ့ မာကယ်လ်က ပြောပါတယ်။

play


အမေရိကန်သမ္မတ ဘာရတ်အိုဘားမားဟာ ၎င်းရဲ့သမ္မတသက်တမ်းမှာ နောက်ဆုံး နိုင်ငံရပ်ခြား သုံးနိုင်ငံခရီးစဉ်အဖြစ် ဂျာမနီနိုင်ငံကို ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၇ ရက်) နှောင်းပိုင်းက ရောက်ရှိခဲ့ပါတယ်။ သမ္မတအိုဘားမားဟာ ဂရိနိုင်ငံမှတစ်ဆင့် ဂျာမနီကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

play


ဂျာမနီကိုရောက်ရှိစဉ် ဂျာမနီအဓိက မာကယ်လ်နဲ့ အိုဘားမားတို့ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ ခေါင်းဆောင်နှစ်ဦးက ကမ္ဘာလုံးဆိုင်ရာ ကူးလူးဆက်ဆံမှုနဲ့ ပတ်သက်ပြီး အလေးအနက် ကာကွယ်ပြောကြားထားပါတယ်။ ကမ္ဘာ့စီးပွားရေး ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူးလူးဆက်ဆံမှုတို့က မရှိမဖြစ် အရေးပါခဲ့ကြောင်း အိုဘားမားနဲ့ မာကယ်လ်က ပြောပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ ဂျာမနီမှ မထွက်ခွာမီ အခြား ဥရောပခေါင်းဆောင်များနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အိုဘားမားက ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ အပါအဝင် ပြင်သစ်၊ အီတလီနဲ့ စပိန် ခေါင်းဆောင်တွေနဲ့ သောကြာနေ့ (နိုဝင်ဘာ ၁၈ ရက်) မှာ တွေ့ဆုံရန်စီစဉ်ထားပါတယ်။ သမ္မတအိုဘားမားဟာ ဂျာမနီမှတစ်ဆင့် ပီရူးနိုင်ငံကို ဆက်လက် ရာက်မှာဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံကို တက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ