International News: ဒေါ်နယ်ထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံမည်

ထရန့်နဲ့ အဘေးတို့ တွေ့ဆုံမှုဟာ ထရန့်လက်ထက် အမေရိကန်အစိုးရက ဂျပန်အပေါ် ထားရှိသွားမယ့် နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

play


ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအဘေးဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ ပထမဆုံးတွေ့ဆုံတဲ့ နိုင်ငံခြားခေါင်းဆောင် ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်က ထရန့်နဲ့ ယုံကြည်မှုတည်ဆောက်လိုကြောင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လိုကြောင်း ၎င်းရဲ့ခရီးစဉ် မစတင်မီ ပြောကြားပါတယ်။

play


နယူးယော့ခ်မှာ ထရန့်နဲ့ အဘေးတို့ တွေ့ဆုံမှုဟာ ထရန့်လက်ထက် အမေရိကန်အစိုးရက ဂျပန်အပေါ် ထားရှိသွားမယ့် နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ထရန့်က ဂျပန်အနေနဲ့ ၎င်းရဲ့မြေပေါ်မှာ အမေရိကန်တပ်ဖွဲ့တွေကို ဆက်လက် ထားရှိသွားရန် လိုအပ်ကြောင်း ပြောကြားထားပါတယ်။

play


ဒါ့အပြင် သမ္မတအိုဘားမားလက်ထက်က ဂျပန်နဲ့ အခြား ပစိဖိတ်ကမ်းရိုးတန်း နိုင်ငံတွေနဲ့ ပြုလုပ်ခဲ့တဲ့ အဓိက ကုန်သွယ်ရေး သဘောတူညီမှုကိုလည်း  ထရန့်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် အဘေးဟာ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံကို တက်ရောက်ရန် ပီရူးနိုင်ငံကိုသွားရောက်တဲ့ ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ဝင်ရောက်ပြီး ထရန့်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အဓိက မဟာမိတ်နိုင်ငံတွေအဖြစ် ရပ်တည်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ