International News: ထိုင်းမိဖုရား သီရိခေတ် အဆုတ်ရောဂါကြောင့် ဆေးရုံတင်ထားရ

ဆရာဝန်တွေက အသက် ၈၄ နှစ်အရွယ် မိဖုရားသီရိခေတ်ကို နောက်ထပ် ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုထားပါတယ်။

play
ထိုင်းမိဖုရား သီရိခေတ်


ထိုင်းမိဖုရား သီရိခေတ်ဟာ အဆုတ်ရောင်ရမ်းမှုကြောင့် ဆေးရုံတင်ကုသနေရကြောင်း ဘုရင့်နန်းတော်က ယနေ့ (နိုဝင်ဘာ ၁၇ ရက်) နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မိဖုရား သီရိခေတ်ဟာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၆ ရက်) က အဆုတ်မှာ ရောဂါပိုးဝင်ပြီး ကိုယ်ပူချိန်တက်လာမှုကြောင့် ဆေးရုံတင်ခဲ့ရကြောင်း သိရပါတယ်။

play
ထိုင်းဘုရင်ဘူမီဘော၊ အိမ်ရှေ့မင်းသား မဟာဗာဂျာရာလောင်ကွန်းနှင့် မိဖုရား သီရိခေတ်။


သီရိခေတ်ဟာ ကိုယ်ပူချိန် မြင့်တက်ခဲ့ပေမဲ့ သတိကောင်းစွာရှိကြောင်း ဆရာဝန်က ပြောကြားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဘုရင်ချူလာလောင်ကွန်း အထိမ်းအမှတ်ဆေးရုံမှ ဆရာဝန်တွေက အသက် ၈၄ နှစ်အရွယ် မိဖုရားသီရိခေတ်ကို နောက်ထပ် ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုထားပါတယ်။

play
ထိုင်းဘုရင့်နန်းတော်မှ သတင်းထုတ်ပြန်မှု။


လက်ရှိမှာ မိဖုရားသီရိခေတ်ဟာ အဆိုပါ ဆေးရုံမှာ လိုအပ်တဲ့ ပဋိဇိဝဆေးများဖြင့် ကုသမှုခံယူနေကြောင်း သိရပါတယ်။ သီရိခေတ်ရဲ့ခင်ပွန်း သက်တော် ၈၈ နှစ်အရွယ် ထိုင်းဘုရင်ဘူမီဘောမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က ကံတော်ကုန်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်ဘူမီဘောဟာ ထိုင်းဘုရင်အဖြစ် နန်းသက် ၇၀ ကြာ အုပ်ချုပ်စိုးစံခဲ့ပြီး ကမ္ဘာ့နန်းသက်အရှည်း ဘုရင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ