International News: အသက်မပြည့်သေးတဲ့ သမီးကို ဖခင်ဖြစ်သူနှင့် အိပ်ခိုင်းခဲ့သည့်ဖြစ်ရပ်

သမီးငယ်လေးကို သူတို့နဲ့အတူ ပျော်ပါးဖို့ အရက်တွေတိုက်ပြီး မိဘနှစ်ပါးက ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။

play

 

အသက်မပြည့်သေးတဲ့ သမီးဖြစ်သူကို ဖခင်နဲ့ အိပ်ဖို့ ဖိအားပေးခဲ့မိတဲ့ အတွက် သူမကိုယ် သူမအလွန်တရာ မုန်းတီးမိကြောင်း မိခင်တစ်ဦးက ဖွင့်ဟဝန်ခံလိုက်ပါတယ်။

play
မိဘအရင်းများက လိင်ပိုင်ဆိုင်ရာ ထိခိုက်ခြင်းကို ခံခဲ့ရသူ အမန်ဒါ

 

ဒေါက်တာဖီးလ်ရဲ့ ရုပ်သံအစီအစဉ်တင်ဆက်မှုမှာ ဒီအကြောင်းအရာကိုထည့်သွင်း ရိုက်ကူးခဲ့တာဖြစ်ပြီး သားအမိနှစ်ဦးကိုခေါ်ကာ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဂျက်စတင်းလို့ အမည်ရတဲ့ မိခင်ဟာ သူမရဲ့ သမီးအရင်း ဖြစ်သူကို အသက် ၁၁ နှစ်အရွယ်မှာ အရက်တွေ သောက်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အရက်တွေသောက်ခိုင်းပြီးနောက် သူတို့ဇနီးမောင်နှံနှစ်ဦးနဲ့ လိင်ဆက်ဆံမှု ပြုလုပ်ဖို့ တွန်းအားပေးခဲ့ကြောင်း အဆိုပါမိခင်က ဝန်ခံပြောကြားခဲ့ပါတယ်။

play
သားသမီးကို မဖွယ်မရာ ပြုလုပ်ခဲ့သဖြင့် ပြစ်ဒဏ်ကျခဲ့သည့် မိခင် ဂျက်စတိုင်း

 

၁၉၉၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီး ဒီဖြစ်ရပ်ဟာ သူတို့သမီးငယ် အမန်ဒါ ၁၃ နှစ်အရွယ်မှာ ပေါ်ပေါက်သွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဇနီးမောင်နှံနှစ်ဦးလုံးကို ထောင်ဒဏ် နှစ် ၂၀ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

" ကျွန်မမိဘတွေက သူတို့နဲ့အတူ လိင်ဆက်ဆံဖို့ ဖိအားပေးခဲ့တယ်လေ။ ဂျက်စတင်က သူ့ရဲ့ခင်ပွန်းနဲ့ အတူအိပ်ရတာ ဘယ်လောက် ကောင်းကြောင်း ကျွန်မရှေ့မှာ လုပ်ပြခဲ့တယ်" လို့ အမန်ဒါက အဆိုပါ ရုပ်သံတင်ဆက်မှုမှာ ပြောကြားခဲ့ပါတယ်။

ဒီလိုလုပ်ဖို့ သူမရဲ့ခင်ပွန်း ဂျင်က အကြံပေးခဲ့တာဖြစ်ပြီး သားအမိ၊ သားအဖ သုံးဦးသာ ပျော်မြူးပုံကို ဗီဒီယိုရိုက်ကူးကာ ရောင်းစားဖို့အထိ ကြံစည်ခဲ့တာလို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ