International News: အာကာသထဲရောက် အသက်အကြီးဆုံး အမျိုးသမီး ပက်ဂီ

ပက်ဂီဟာ အာကာသအတွင်း အချိန်အကြာဆုံး နေထိုင်ခဲ့တဲ့ အမျိုးသမီး အာကာသယာဉ်မှူးအဖြစ်လည်း စံချိန်တင်ထားသူ ဖြစ်ပါတယ်။

play


စံချိန်တင် အမျိုးသမီး အာကာသယာဉ်မှူး ပက်ဂီဝစ်ဆန်ဟာ နိုင်ငံတကာအာကာသစခန်းကို တတိယအကြိမြောက် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်းနဲ့ အာကာသစခန်းမှာရှိနေစဉ် နောက်ထပ် စံချိန်များတင်နိုင်ရန် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ပက်ဂီဟာ နိုင်ငံတကာအာကာသစခန်းရဲ့ ကြီးကြပ်ရေးမှူးအဖြစ် လုပ်ကိုင်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးဖြစ်ပြီး အာကာသအတွင်း အချိန်အကြာဆုံး နေထိုင်ခဲ့တဲ့ အမျိုးသမီး အာကာသယာဉ်မှူးအဖြစ်လည်း စံချိန်တင်ထားသူ ဖြစ်ပါတယ်။

play


ယခုတစ်ကြိမ် အာကာသခရီးစဉ် သွားရောက်ချိန်မှာ ပက်ဂီဟာ အသက် ၅၇ နှစ်နီးပါး ရှိနေပြီဖြစ်ကာ အာကာသအတွင်း ရောက်ရှိတဲ့ အသက်အကြီးအဆုံး အမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ပက်ဂီဟာ ကာဇက်စတန်ရှိ ဘိုင်ကိုနူးရ် အာကာသယာဉ် လွှတ်တင်ရေးစခန်းမှတစ်ဆင့် အာကာသခရီးစဉ်ကို ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

play


ဆိုယုဇ်ဒုံးပျံဖြင့် လွှတ်တင်လိုက်တဲ့ အာကာသယာဉ်မှာ ပက်ဂီနဲ့အတူ ရုရှား အာကာသယာဉ်မှူး အိုလက်ခ် နိုဗစ်စကီးနဲ့ ပြင်သစ်မှ အာကာသယာဉ်မှူးသစ် သောမတ်စ် ပက်စကွက်တို့လည်း လိုက်ပါသွားပါတယ်။ ၎င်းတို့ဟာ နိုင်ငံတကာအာကာသစခန်းကို စနေနေ့ (နိုဝင်ဘာ ၁၉ ရက်) မှာ ရောက်ရှိမယ်လို့ ခန့်မှန်းထားပြီး အာကာစခန်းမှာရှိနေတဲ့ အမေရိကန် အာကာသယာဉ်မှူးတစ်ဦး၊ ရုရှား အာကာသယာဉ်မှူးနှစ်ဦးတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အာကာသယာဉ်မှူးတွေဟာ လာမယ့် ၂၀၁၇ ခုနှစ် မေလအထိ နိုင်ငံတကာအာကာသစခန်းမှာ နေထိုင်ပြီး သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အိုင်အိုဝါပြည်နယ်ဖွား ပက်ဂီဟာ ဇီဝဓာတုဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီးနောက် NASA မှာ ဆေးပညာသိပ္ပံနဲ့ သုတေသန အလုပ်များ လုပ်ကိုင်ခဲ့ပါတယ်။

သူမဟာ ၁၉၉၆ ခုနှစ်မှာ အာကာသယာဉ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၀၂ ခုနှစ်မှာ ပထမဆုံးအကြိမ် အာကာသခရီးစဉ် သွားရောက်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာအာကာသစခန်းရဲ့ ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။ လာမယ့်နှစ် ဖေဖေါ်ဝါရီလမှာလည်း ပက်ဂီက နိုင်ငံတကာအာကာသစခန်းမှာ ကြီးကြပ်သူအဖြစ် တာဝန်ယူပြီး စံချိန်မှတ်တမ်းတင်ဦးမှာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ