International News: မုိဇမ္ဘစ္မွာ လောင်စာဆီတင်ယာဉ်ပေါက်ကွဲမှု အနည်းဆုံး ၇၃ ဦးသေ

လောင်စာဆီတင်ယာဉ်ဟာ မာလဝီနိုင်ငံကို လောင်စာဆီပို့ဆောင်စဉ် တီတီပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာအနီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

play


မိုဇမ်ဘစ်နိုင်ငံ အနောက်ပိုင်းမှာ လောင်စာဆီတင်ယာဉ် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မိုဇမ်ဘစ်အစိုးရရဲ့ သတင်းထုတ်ပြန်မှုအရ လောင်စာဆီတင်ယာဉ်ဟာ မာလဝီနိုင်ငံကို လောင်စာဆီပို့ဆောင်စဉ် တီတီပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာအနီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

play


လောင်စာဆီတင်ယာဉ် တိမ်းမှောက်သွားပြီးနောက် အနီးပတ်ဝန်းကျင် ကျေးရွာမှာနေထိုင်သူတွေက လောင်စာဆီများ လာရောက်ယူဆောင်ကြစဉ် ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အစောပိုင်က သေဆုံးသူ ၄၃ ဦးဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသူဦးရေ ၇၃ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။

အနည်းဆုံး လူ ၁၁၀ ဟာလည်း မီးလောင်ဒဏ်ရာများရခဲ့ကြောင်း အစိုးရက ပြောပါတယ်။ သေဆုံးသူများအနက် ကလေးများလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒေသခံ သတင်းထောက်တစ်ဦးရဲ့ ပြောကြားမှုအရ လောင်စာဆီတင်ယာဉ်ဟာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၆ ရက်) မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကြာသပတေးနေ့ (နိုဝင်ဘာ ၁၇ ရက်) မွန်းလွဲပိုင်းမှာ အပူရှိန်ကြောင့် ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လောင်စာဆီတင်ယာဉ် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားစဉ်မှာ လူအများအပြားက လောင်စာဆီများ စုဆောင်းရယူနေချိန်လည်း ဖြစ်ပါတယ်။
Source & Photo: Aljazeera

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ