International News: ဒေါ်လာ ၇၄ သန်း အကုန်ကျခံ ကျင်းပတဲ့ အိန္ဒိယက အငြင်းပွားစရာ မင်္ဂလာဆောင်

နိုင်ငံရေးသမား ရက်ဒီရဲ့သမီးမင်္ဂလာဆောင် ဖြစ်ပါတယ်။

play

 

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတကပြည်နယ်အတွင်းက နိုင်ငံရေးသမားတစ်ဦးရဲ့ သမီးဖြစ်သူမင်္ဂလာပွဲဟာ ရူပီးငွေ ငါးဘီလျံလောက် သုံးစွဲပြီး ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ရူပီးငါးဘီလျံ (ကန်ဒေါ်လာ ၇၄ သန်း) လောက် ကုန်ကျခဲ့တဲ့ အဆိုပါမင်္ဂလာပွဲကို ဧည့်ပရိသတ် ငါးထောင်လောက် ဖိတ်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ စီးပွားရေးသမားဖြစ်သလို နိုင်ငံရေးသမားလည်းဖြစ်တဲ့ ဂျာနာဓနရက်ဒီရဲ့ သမီးဖြစ်သူ မင်္ဂလာပွဲဟာ ဒီလောက် အကုန်အကျခံပြီး ကျင်းပခဲ့တဲ့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး မင်္ဂလာပွဲတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

play

 

အိန္ဒိယနိုင်ငံအတွင်း ငွေကြေးကျပ်တည်းမှု ဖြစ်ပေါ်နေချိန်မှာ အဆိုပါနိုင်ငံရေးသမားက သမီးဖြစ်သူမင်္ဂလာပွဲအတွက် ကန်ဒေါ်လာ ၇၄ သန်း အကုန်ကျခံခဲ့တဲ့အပေါ် ပြည်သူတွေက ဒေါသထွက်လျက်ရှိပါတယ်။ မင်္ဂလာပွဲမှာ သတို့သမီး ဘရာမီနီ ဝတ်ဆင်ခဲ့တဲ့ ဆာရီတစ်ခုတည်းရဲ့ တန်ဖိုးတင် ကန်ဒေါ်လာ ၂.၅ သန်းလောက် ရှိတယ်လို့ သိရပါတယ်။ သူမဝတ်ဆင်ခဲ့တဲ့ လက်ဝတ်လက်စားတွေက ဒေါ်လာ ၁၃ သန်း တန်ကြေးရှိပါတယ်။

play

 

နိုင်ငံရေးသမား ရက်ဒီရဲ့ သားမက်ဖြစ်လာသူ သတို့သားဟာလည်း နိုင်ငံတွင်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

မင်္ဂလာဆောင်ဖိတ်စာကို ရွှေအောက်ခံပြား ဒီဇိုင်းနဲ့ ပြုလုပ်ခဲ့ပြီး ဘောလိဝုဒ်အနုပညာရှင်တွေကိုလည်း ဖိတ်ကြားဖျော်ဖြေစေခဲ့ပါတယ်။ မင်္ဂလာဆောင် မကျင်းပခင်ရက်ပိုင်းအတွင်းမှာပဲ အိန္ဒိယအစိုးရက အကျင့်ပျက်ခြစားထားမှုကို တိုက်ဖျက်ဖို့ နိုင်ငံအတွင်း လည်ပတ်နေတဲ့ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို ရုပ်သိမ်းခဲ့လို့ အဆိုပါမင်္ဂလာပွဲဟာ ပိုပြီး အငြင်းပွားစရာ ဖြစ်လာပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ