International News: မဲလ်ဘုန်းမြို့ရှိ ဘဏ်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွား

ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပါတယ်။

play

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က ဘဏ်တစ်ခုမှာ အမျိုးသားတစ်ဦး ဝင်ရောက်ဖောက်ခွဲခဲ့လို့ လူ ၂၇ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ် ယင်းအမျိုးသားဟာ မဲလ်ဘုန်းမြို့ရှိ သြစတြေးလျ ဓနသဟာယဘဏ်ခွဲ ဝင်ပေါက်အနီးက ATM စက်တွေနားမှာ ဖောက်ခွဲခဲ့တာပါ။ ဒဏ်ရာရသူတွေကို ဆေးရုံကို တင်ပို့ထားပြီး ၅ ဦးမှာ အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အသေခံဗုံးခွဲတဲ့ ယင်းအမျိုးသားမှာလည်း ဒဏ်ရာအပြင်းအထန်ရသွားပြီး ရဲအစောင့်အရှောက်တွေနဲ့အတူ ဆေးရုံကိုတင်ပို့ထားတယ်လို့ သိရပါတယ်။

Source : NBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ