International News: ဖိလစ်ပိုင်အာဏာရှင်ဟောင်းကို သူရဲကောင်းသဖွယ်သင်္ဂြိုဟ်မှု ဝေဖန်မှုများထွက်ပေါ်

မားကို့စ်ကို ဖိလစ်ပိုင်စစ်သည် သူရဲကောင်းအဖြစ် သေနတ် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုကာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီး မိသားစုများသာ တက်ရောက်ခဲ့တယ်လို့ လုံခြုံရေးဆောင်ရွက်ပေးတဲ့ ရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

play
ဖိလစ်ပိုင် အာဏာရှင်ခေါင်းဆောင်ဟောင်း ဖာဒီနန် မားကို့စ်


ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်ဟောင်း ဖာဒီနန် မားကို့စ်ကို သူရဲကောင်းအဖြစ် မြှပ်နှံသင်္ဂြိုဟ်ခဲ့မှုအပေါ် အတိုက်အခံတွေက ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။

၁၉၈၆ ခုနှစ်မှာ အာဏာရှင်ခေါင်းဆောင်အဖြစ်မှ ဖြုတ်ချခံခဲ့ရတဲ့ မားကို့စ်ဟာ အမေရိကန်နိုင်ငံမှာ ၁၉၈၉ ခုနှစ်က ကွယ်လွန်ခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ၎င်းရဲ့ရုပ်အလောင်းကို ဖိလစ်ပိုင်သို့ ပြန်လည်သယ်ဆောင်ကာ ဇာတိမြို့ ဘက်တက်မှာ ပြသထားရှိခဲ့ပါတယ်။

play
ဖိလစ်ပိုင်ပြည်သူများက ကန့်ကွက်ဆန္ဒပြစဉ်


မားကို့စ်ဟာ အာဏာရှင်တစ်ဦးအဖြစ် ဖိလစ်ပိုင်ကို နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်ခဲ့စဉ်က ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှုနဲ့ အတိုက်အခံ ထောင်နဲ့ချီပြီး သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်လာဘီလီယံနဲ့ချီတဲ့ နိုင်ငံ့ဘဏ္ဍာငွေတွေကိုလည်း ခိုးယူခဲ့သူအဖြစ် နာမည်ကြီးပါတယ်။

play
ဖိလစ်ပိုင် ဒုတိယသမ္မတ လင်နီရိုဘရီဒို


မားကို့စ်ရဲ့ ရုပ်အလောင်းကို မနီလာမြို့ရှိ သူရဲကောင်းများသင်္ချိုင်းမှာ မြှုပ်နှံသင်္ဂြိုဟ်ရန် လျှို့ဝှက်စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ မားကို့စ်ကို သူရဲကောင်းတစ်ဦးအဖြစ် မြှုပ်နှံသင်္ဂြိုဟ်ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ ဒူတာတေးက မားကို့စ်ကို ဖိလစ်ပိုင်စစ်သည်တစ်ဦးအဖြစ် သုံးနှုန်းပြောဆိုခဲ့ပါတယ်။

play
ဖိလစ်ပိုင် ဒုတိယသမ္မတ လင်နီရိုဘရီဒိုက တွစ်တာမှာ ရေးသားထားမှု


ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က အာဏာရှင်ခေါင်းဆောင်ဟောင်း မားကို့စ်ရဲ့မိသားစုက ဒူတာတေးကို ထောက်ခံအားပေးခဲ့တယ်လို့ ဆိုပါတယ်။ မားကို့စ်ကို ဖိလစ်ပိုင်စစ်သည် သူရဲကောင်းအဖြစ် သေနတ် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုကာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီး မိသားစုများသာ တက်ရောက်ခဲ့တယ်လို့ လုံခြုံရေးဆောင်ရွက်ပေးတဲ့ ရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

အာဏာရှင်ဟောင်း မားကို့စ်ကို သူရဲကောင်းများသင်္ချိုင်းမှာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ခြင်းကို ဖိလစ်ပိုင်မှာ ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီး ဒုတိယသမ္မတနဲ့ လူ့အခွင့်အရေးရှေ့နေ့ဖြစ်သူ လင်နီရိုဘရီဒိုလည်း အပါအဝင် ဖြစ်ပါတယ်။ ဒုတိယသမ္မတက မားကို့စ်ဟာ သူရဲကောင်းမဟုတ်ကြောင်း သူမရဲ့ တွစ်တာမှာ ရေးသားဝေဖန်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: AP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ