International News: ဒေါ်နယ်ထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

ဂျပန်ဝန်ကြီးချုပ်အဘေးနဲ့ တွေ့ဆုံမှုဟာ ထရန့်အတွက် သမ္မတရွေးကောက်ပွဲ အနိုင်ရပြီးနောက် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

play


အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးတို့ နယူးယော့ခ်မြို့မှာ မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ်အဘေးနဲ့ တွေ့ဆုံမှုဟာ ထရန့်အတွက် သမ္မတရွေးကောက်ပွဲ အနိုင်ရပြီးနောက် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

play


ထရန့်နဲ့တွေ့ဆုံပြီးနောက် ဂျပန်ဝန်ကြီးချုပ်က ယုံကြည်မှုရှိတဲ့ အပြန်အလှန် ဆက်ဆံရေးတည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ နယူးယော့ခ်မြို့ရှိ ထရန့်တာဝါ အဆောက်အအုံမှာ ၎င်းတို့နှစ်ဦး ယနေ့ (နိုဝင်ဘာ ၁၈ ရက်) တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ ပီရူးနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အာရှ-ပစိဖိတ် စီးပွာရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံကို သွားရောက်တဲ့ခရီးစဉ်အတွင်း နယူးယော့ခ်မှာ ခေတ္တရပ်နားကာ ထရန့်နဲ့တွေ့ဆုံခဲ့တာပါ။ ထရန့်ရဲ့ သမီးဖြစ်သူ အိုင်ဗန်ကာနဲ့ သူမရဲ့ခင်ပွန်း ဂျရတ်ဒ်ကုရှ်နာတို့လည်း ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ထရန့်နဲ့ တွေ့ဆုံမှာ ဆွေးနွေးခဲ့တဲ့ အသေးစိတ် အကြောင်းအရာတွေကို ဂျပန်ဝန်ကြီးချုပ်အဘေးက အနည်းငယ်သာ ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ ၎င်းတို့နှစ်ဦးဟာ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံပြီး ပိုမို လေးနက်ကျယ်ပြန့်စွာ ဆွေးနွေးသွားရန် သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အဓိက မဟာမိတ်နိုင်ငံတွေအဖြစ် ရပ်တည်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
Source & Photo:  CNA, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ