International News: ရုရှားကို အရေးယူမှု ဆက်လက်ထားရှိရန် အိုဘားမားနဲ့ ဥရောပခေါင်းဆောင်များ သဘောတူ

အမေရိကန်သမ္မတအဖြစ် ဥရောပနောက်ဆုံးခရီးစဉ် သွားရောက်နေတဲ့ အိုဘားမားက ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ စပိန်နဲ့ ဗြိတိန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

play
အမေရိကန်သမ္မတ အိုဘားမားနှင့် ဥရောပခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးစဉ်


အမေရိကန်သမ္မတ ဘာရတ် အိုဘားမားနဲ့ ဥရောပသမဂ္ဂခေါင်းဆောင်များက ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို နောက်ထပ်တစ်နှစ် ထပ်မံထားရှိသွားရန် သဘောတူညီခဲ့ကြပါတယ်။ အမေရိကန်သမ္မတအဖြစ် ဥရောပနောက်ဆုံးခရီးစဉ် သွားရောက်နေတဲ့ အိုဘားမားက ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ စပိန်နဲ့ ဗြိတိန်ခေါင်းဆောင်တွေနဲ့ ယနေ့ (နိုဝင်ဘာ ၁၈ ရက်) တွေ့ဆုံခဲ့ပါတယ်။

play
ရုရှားသမ္မတ ဗလာဒီမာ ပူတင်


၎င်းတို့ တွေ့ဆုံဆွေးနွေးမှုများအနက် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ တိုးချဲ့ချမှတ်သွားရန်၊ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ တိုးပွားလာမှုနဲ့ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်ခြေတို့အပေါ် အဓိက ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတအိုဘားမားနဲ့ ဥရောပခေါင်းဆောင်တွေက အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ တည်ငြိမ်မှုရှိရေး၊ ဆီးရီးယားနဲ့ ယူကရိန်း ပဋိပက္ခတွေကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရေးတို့ကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို သဘောတူညီခဲ့ကြကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
Source & Photo: RT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ