International News: ကွာလာလမ်ပူမှာ စနေနေ့ဆန္ဒပြပွဲ အဓိကရုဏ်းများ ဖြစ်နိုင်မှုကြောင့် လုံခြုံရေးတိုးမြှင့်

ဆန္ဒပြပွဲမှာ ရှပ်ဝါနဲ့ ရှပ်နီတို့ကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ပေါ်ပေါက်လာနိုင်မှုကြောင့် လုံခြုံရေးတိုးမြှင့်ထားပြီး မျက်ရည်ယိုဗုံးနဲ့ မီးသတ်ရေပိုက်များ အသုံးပြုသွားနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

play
၂၀၁၅ ခုနှစ် သြဂုတ် ၂၉ ရက်က ရှပ်ဝါ ဆန္ဒပြပွဲ မြင်ကွင်း


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်သွားမယ့် Bersih ဆန္ဒပြပွဲကို ကိုင်တွယ်ထိန်းသိမ်းရန်အတွက် ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ချထားမှာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲမှုအုပ်စုက စနေနေ့ (နိုဝင်ဘာ ၁၉ ရက်) မှာ ပြုလုပ်မယ့် Bersih 5 ချီတက်ဆန္ဒပြပွဲဖြင့် သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲအတွက် ဖိအားပေးသွားမယ်လို့ ဆိုပါတယ်။

play
ရှပ်ဝါအုပ်စု ဆန္ဒပြမှု မြင်ကွင်း


ကွာလာလမ်ပူရဲတပ်ဖွဲ့ အကြီးအကဲ အမာဆင်းဂ်က အများပြည်သူအနေနဲ့ စနေနေ့မှာ လူစုလူဝေး ရှိနိုင်တဲ့ နေရာတွေကို ရှောင်ရှားကြရန် တိုက်တွန်းထားပါတယ်။ ဆန္ဒပြသူတွေကို နေရာခုနစ်ခုကို ချီတက်ဆန္ဒပြခြင်း မပြုရန် အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ထားပါတယ်။ စနေနေ့မှာ အကြီးအကျယ် ဆန္ဒပြရန်စီစဉ်ထားတဲ့ အုပ်စုမှာ ရှပ်ဝါ ခေါ် အင်္ကျီအဝါ ဝတ်ဆင်သူများဖြစ်ကြောင်း သိရပါတယ်။

play
မလေးရှားရဲတပ်ဖွဲ့ဝင်များ


မလေးရှားဝန်ကြီးချုပ် နဂျစ်နဲ့ ၎င်းရဲ့ပါတီကို ထောက်ခံတဲ့ ရှပ်နီအုပ်စုကလည်း စနေနေ့မှာ ဆန္ဒပြကြမယ့် ရှပ်ဝါအုပ်စု ဆန္ဒပြသူတွေကို ထိပ်တိုက်ရင်ဆိုင်သွားမယ်လို့ ကြုံးဝါးထားပါတယ်။ စနေနေ့ ဆန္ဒပြပွဲမှာ ရှပ်ဝါနဲ့ ရှပ်နီတို့ကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ပေါ်ပေါက်လာနိုင်မှုကြောင့် လုံခြုံရေးတိုးမြှင့်ထားပြီး မျက်ရည်ယိုဗုံးနဲ့ မီးသတ်ရေပိုက်များ အသုံးပြုသွားနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေး ပြောကြားထားပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ