International News: နယ်သာလန်မှာ နို့ပို့ယာဉ်နဲ့ ခရီးသည်တင်ရထား တိုက်မိပြီး လူအချို့ဒဏ်ရာရ

နို့ပို့ယာဉ်ဟာ တားဆီးပိတ်ပင်ထားခြင်း မရှိတဲ့ ရထားလမ်းကို ဖြတ်သန်းစဉ် ရထားနဲ့ တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


နယ်သာလန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ခရီးသည်တင် ရထားတစ်စင်းနဲ့ နို့ပို့ယာဉ် တိုက်မိခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ နိုဝင်ဘာ ၁၈ ရက်က ခရီးသည်တင်ရထားနဲ့ နို့ပို့ယာဉ်ကို တိုက်မိခဲ့မှုအတွင်း ဒဏ်ရာရရှိသူတွေအနက် ၁၁ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။

ဆေးရုံတင်လိုက်ရသူတွေအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ပေမဲ့ အသက်အန္တရာယ် မရှိဘူးလို့ ဆိုပါတယ်။ မတော်တဆမှု ဖြစ်ပွားစဉ်က ရထားပေါ်မှာ ခရီးသည် ၄၀ ခန့်သာ လိုက်ပါလာခဲ့တာလည်း ဖြစ်ပါတယ်။ နို့ပို့ယာဉ်ဟာ တားဆီးပိတ်ပင်ထားခြင်း မရှိတဲ့ ရထားလမ်းကို ဖြတ်သန်းစဉ် ရထားနဲ့ တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

နို့ပို့ယာဉ်ကို မောင်းနှင်သူက ရထားဝင်လာတာကို မမြင်မီဘဲ ရထားလမ်းကို ဖြတ်မောင်းခဲ့တယ်လို့ ဆိုပါတယ်။ နို့ပို့ယာဉ်မောင်းနှင်သူမှာ ဒဏ်ရာအနည်းငယ်သာရခဲ့ပြီး ၎င်းကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ