International News: မလေးရှားဝန်ကြီးချုပ်နဂျစ် နုတ်ထွက်ရန် လူပေါင်းသောင်းနဲ့ချီ ဆန္ဒပြ

ရန်ပုံငွေဆိုင်ရာ ငွေကြေးအရှုပ်အထွေးမှာ ပါဝင်ပတ်သက်မှုကြောင့် ဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

play
ဝန်ကြီးချုပ်နဂျစ်ဘ် နုတ်ထွက်ရန် ဆန္ဒပြကြသည့် ရှပ်ဝါများ။


မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ်နဂျစ်ဘ် နုတ်ထွက်ရန် လူပေါင်းသောင်းနဲ့ချီ စုရုံးချီတက် ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ မလေးရှားရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအုပ်စုက ၅ ကြိမ်မြောက်အဖြစ် ယနေ့ (နိုဝင်ဘာ ၁၉ ရက်) မှာ စီစဉ်ပြုလုပ်တဲ့ Bersih အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဝန်ကြီးချုပ်နဂျစ်ဘ်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြပါတယ်။

play


ရန်ပုံငွေဆိုင်ရာ ငွေကြေးအရှုပ်အထွေးမှာ ပါဝင်ပတ်သက်မှုကြောင့် ဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ရှပ်ဝါအုပ်စုလို့ သိကြတဲ့ အဝါရောင်အင်္ကျီဝတ် အတိုက်အခံ ဆန္ဒပြသူတွေက မတူညီတဲ့ စုရပ်နေရာများမှ ကွာလာလမ်ပူမြို့လယ်ကို ချီတက်ဆန္ဒပြကြပါတယ်။

play
အစိုးရနဲ့ ဝန်ကြီးချုပ်နဂျစ်ဘ်ကို ထောက်ခံတဲ့ ရှပ်နီများ


ယနေ့ ဆန္ဒပြပွဲကို ကိုင်တွင်ထိန်းသိမ်းရန် ကွာလာလမ်ပူမှာ ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ အသင့်ချထားပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်မှာ ပြောကြားထားပါတယ်။ ဆန္ဒပြပွဲမှာ ဒီမိုကရေစီထောက်ခံသူ ရှပ်ဝါအုပ်စုမှ လူပေါင်း ၁၅,၅၀၀ ပါဝင်ခဲ့ကြောင်း စီစဉ်သူတွေက ပြောပါတယ်။

အစိုးရနဲ့ ဝန်ကြီးချုပ်နဂျစ်ဘ်ကို ထောက်ခံကြတဲ့ ရှပ်နီ ခေါ် အနီရောင်အင်္ကျီဝတ်အုပ်စုကလည်း ယနေ့ ပြုလုပ်တဲ့ ရှပ်ဝါဆန္ဒပြသူတွေကို ထိပ်တိုက်ရင်ဆိုင်တွေ့သွားမယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ