International News: အိန္ဒိယမြောက်ပိုင်း ရထားလမ်းချော်မှု အသေအပျောက်များပြား

, updated

အနည်းဆုံး လူ ၁၂၀ သေဆုံးခဲ့ပါတယ်။

play

ယနေ့ (နိုဝင်ဘာ ၂၀ ရက်) မနက်ပိုင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း ကန်ပါးခရိုင် ပူခရာယန်မြို့အနီးမှာ ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ရထားလမ်းချော်မှုကြောင့် ခရီးသည်တွေသာမက ကားတွေကိုပါ တိုက်မိသွားခဲ့တယ်လို့ သတင်းရပါတယ်။

play


Patna-Indore ရထားလိုင်းမှ ခရီးသည်တင်ရထားတစ်စီးဟာ လမ်းချော်တိမ်းမှောက်ခဲ့တာပါ။ အနည်းဆုံး လူ ၁၂၀ ကျော် သေဆုံးသွားတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

play


ခရီးသည် ၁၅၀ ကျော် ဒဏ်ရာရသွားပြီး ဒဏ်ရာရသူတွေအနက် လူ ၄၀ ကျော်ဟာ အပြင်းအထန်ဒဏ်ရာရသွားကြတယ်လို့ သိရပါတယ်။ ရထားအောက်မှာ ပိတ်မိနေသူတွေကိုလည်း ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေကြတုန်းပါပဲ။
Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ