International News: တူရကီမှာ သက်ငယ်မုဒိမ်းမှုဆိုင်ရာ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြ

တူရကီအစိုးရ အတိုက်အခံများ၊ အနုပညာရှင်နဲ့ အောင်မြင်ကျော်ကြားသူများအပြင် သမ္မတအာဒိုဂန်ရဲ့သမီး ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အဖွဲ့အစည်းကပါ ဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြမှုမှာ ပါဝင်ခဲ့ပါတယ်။

play


တူရကီနိုင်ငံမှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်ရာမှာ အဆိုပါ တရားခံအမျိုးသားက မုဒိမ်းကျင့်ခံရသူကို လက်ထပ်ခဲ့လျှင် ပြစ်ဒဏ်မှလွတ်မြောက်နိုင်တဲ့ အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို ဆန္ဒပြခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၉ ရက်က အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၃,၀၀၀ က အဆိုပါ ဥပဒေမူကြမ်းကို ပြန်လည်ရုပ်သိမ်းရန် အော်ဟစ်ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

play


တူရကီအစိုးရ အတိုက်အခံများ၊ အနုပညာရှင်နဲ့ အောင်မြင်ကျော်ကြားသူများအပြင် သမ္မတအာဒိုဂန်ရဲ့သမီး ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အဖွဲ့အစည်းကပါ ဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြမှုမှာ ပါဝင်ခဲ့ပါတယ်။ သမ္မတအာဒိုဂန် အစိုးရကတော့ ယခု ဥပဒေကြမ်းဟာ ကျယ်ပြန့်လာတဲ့ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ခဲ့ကြောင်း ဆိုပါတယ်။

တူရကီ တရားရေးဝန်ကြီး ဘီကာဘော့ဇ်ဒက်က ယခု ဥပဒေမူကြမ်းဟာ မုဒိမ်းမှုကျူးလွန်သူတွေကို သက်ညှာခွင့်ပေးမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံရဲ့အချို့နေရာတွေမှာ ဖြစ်နေတဲ့ မုဒိမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ခြေလှမ်းတစ်ခုဖြစ်ကြောင်း NATO အဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

တူရကီအစိုးရက အဆိုပြုထားတဲ့ သက်ငယ်မုဒိမ်းမှု ဥပဒေမူကြမ်းကို အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် ဝန်ကြီးချုပ် ဘီနာလီယီလ်ဒီရမ်က ၎င်းရဲ့အာဏာရ တရားမျှတမှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ (AKP) ကို လွှတ်တော်မှာ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးရန် ညွှန်ကြားထားကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ