International News: အလက်ပိုမြို့မှာ သူပုန်များတိုက်ခိုက်မှု စာသင်ကျောင်းကိုထိမှန်ပြီး ကလေး ၇ ဦး သေဆုံး

သူပုန်များထိန်းချုပ်ရာ ဒေသမှာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ရက်အတန်ကြာမှာ ယခု တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

  play


ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အနောက်ပိုင်းရှိ အစိုးရထိန်းချုပ်ထားရာ ဒေသရှိ စာသင်ကျောင်း တစ်ကျောင်းကို သူပုန်များပစ်ခတ်တိုက်ခိုက်မှု ထိမှန်ခဲ့တာကြောင့် ကလေး ၇ ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။

play


ယနေ့ (နိုဝင်ဘာ ၂၀ ရက်) အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ထိမှန်ခံရမှုအတွင်း အခြား ၃၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဆာနာသတင်းဌာနက ဖော်ပြပါတယ်။ သူပုန်များထိန်းချုပ်ရာ ဒေသမှာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ရက်အတန်ကြာမှာ ယခု တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

play


ကုလသမဂ္ဂသံတမန် စတက်ဖင်ဒီမစ်တူရာက သူပုန်များထိန်းချုပ်ရာဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် အကြံပြုခဲ့ပြီး ဆီးရီးယားအစိုးရက ပယ်ချခဲ့ပါတယ်။

ဆီးရီးယားအစိုးရဟာ ပြည်တွင်းစစ်ကို နိုင်ငံရေးအရ အဆုံးသတ်နိုင်ခြင်း မရှိပါက အလက်ပိုမြို့မှာ ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်စေနိုင်တဲ့အထိ အနိုင်ရအောင် တိုက်ခိုက်သွားနိုင်ကြောင်း ကုလသမဂ္ဂသံတမန်က ယခုသီတင်းပတ် အစောပိုင်းမှာ သတိပေးပြောကြားထားပါတယ်။
Source & Photo: BBC, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ