International News: ဂျာမန်အဓိပတိ မာကယ်လ် စတုတ္တမြောက်သက်တမ်းအတွက် ရွေးကောက်ပွဲဝင်မည်

နိုင်ငံရေး စိန်ခေါ်မှုတွေရှိပေမဲ့ မာကယ်လ်က ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။

play
ဂျာမန်အဓိပတိ မာကယ်လ်။


ဂျာမန်အဓိပတိ အန်ဂျလာ မာကယ်လ်က စတုတ္ထမြောက်သက်တမ်းအတွက် လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း ပြောကြားလိုက်ပါတယ်။

မာကယ်လ်က သူမရဲ့ Christian Democrat Union (CDU) ပါတီ ထိပ်တန်းခေါင်ဆောင်များနဲ့ တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဂျာမန်အဓိပတိအဖြစ် စတုတ္ထမြောက်သက်တမ်း တာဝန်ထမ်းဆောင်လိုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

play
အမေရိကန်သမ္မတ အိုဘားမားနှင့် ဥရောပခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုတွင် တွေ့ရသည့် မာကယ်လ်။


လတ်တလောမှာ ဒုက္ခသည်များကို ဝင်ရောက်ခွင့်ပြုထားတဲ့ သူမရဲ့မူဝါဒအပေါ် ဝေဖန်မှုများရှိနေမှု၊ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာမယ့်အရေးကိစ္စနဲ့ အမေရိကန်မှာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာတဲ့ အပြောင်းအလဲတွေက မာကယ်လ်အတွက် နိုင်ငံရေးစိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။

ထိုသို့ စိန်ခေါ်မှုတွေရှိပေမဲ့ မာကယ်လ်က ၂၀၁၇ ခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာမှာ ကျင်းပရန်စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်းနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြရန် သူမရဲ့ပါတီမှ ထိပ်တန်းခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။

မာကယ်လ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ရွေးကောက်ပွဲဝင်မယ့် သူမရဲ့ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုခဲ့ကြကြောင်းလည်း သိရပါတယ်။ မာကယ်လ်ဟာ ၂၀၀၀ ပြည့်နှစ် ဧပြီလမှာ CDU ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ဂျာမန်အဓိပတိအဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှာ စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ