International News: တိတ်တိတ်ပုန်း ချစ်သူက သတို့သမီးဝတ်စုံဝတ်ပြီး မင်္ဂလာပွဲ လာဖျက်လို့ ပွဲပျက်ရ

မင်္ဂလာပွဲကနေ ရန်ပွဲဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

play

 

အမျိုးသားတစ်ဦးရဲ့ မင်္ဂလာဆောင်မှာ  သူ့ရဲ့တိတ်တိတ်ပုန်းချစ်သူက သတို့သမီးဟန်ဆောင်ပြီး ဝင်ရောက်နှောက်ယှက်တဲ့အတွက် ပွဲပျက်မလို ဖြစ်ခဲ့ရကြောင်း သိရပါတယ်။

ချစ်သူနဲ့ ခန်းမအတွင်း မင်္ဂလာဆောင်နေတဲ့ အချိန်မှာ  သတို့သားရဲ့ တိတ်တိတ်ပုန်းချစ်သူ ဆိုတဲ့အမျိုးသမီးက သတို့သမီးဝတ်စုံကို ဝတ်ဆင်လာပြီးနောက် ပွဲဖျက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ သတို့သားနဲ့ သတို့သမီးအနားကို မင်္ဂလာဝတယ်စုံဝတ်ကာ အနားကပ်လာတဲ့သူမကို အခြားသူတွေက ဘေးကို ဖယ်ထုတ်ဖို့ ကြိုးစားခဲ့ရပါတယ်။ သူမရဲ့ အပြုအမူကြောင့် မင်္ဂလာဆောင်ဟာ အော်ဟစ်သံတွေ ဆူညံသွားခဲ့ပါတယ်။ အဲဒီနောက် သတို့သမီး အယောင်ဆောင်လာတဲ့ သူမက မိုက်ခရိုဖုန်းကို ဆွဲလုကာ ဒီသတို့သားဟာ သူမနဲ့ တိတ်တဆိတ် ချစ်ကြိုးသွယ်နေခဲ့သူ ဖြစ်ကြောင်း ပရိသတ်တွေကို ရှင်းပြဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

play

 

ဂါနာနိုင်ငံအတွင်း ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတစ်ခုမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာဖြစ်ပြီး AudioVisiualNews ဆိုတဲ့ ဂါနာသတင်းမီဒီဝာတစ်ခုက ဗီဒီယိုဖိုင်နဲ့တကွ ဖော်ပြခဲ့တာပါ။ အဲဒီအဖြစ်ပျက်အပြီး  မင်္ဂလာဆောင်အတွင်းမှာ ထိုးကြိတ်သတ်ပုတ်ပွဲလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီအဖြစ်ကို Youtube မှာတင်ခဲ့ပြီးနောက် ကြည့်ရှုသူ သိန်းဂဏန်း ရှိနေပြီဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ