International News: ကဘူးလ်မြို့ ဗလီတစ်လုံးမှာ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၂၇ ဦးသေ

ကဘူးလ်မြို့ အနောက်ပိုင်းရှိ ဗလီတစ်လုံးမှာ နှစ်စဉ်ကျင်းပတဲ့ ဘာသာရေးအခမ်းအနား ပြုလုပ်နေစဉ် ဒေသစံတော်ချိန် မွန်းလွဲမှာ အသေခံဗုံးပေါက်ကွဲခဲ့ပါတယ်။

play


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ရှီအာမွတ်စလင်မ် ဗလီတစ်လုံးမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်ဆုံး ၂၇ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

play


ကဘူးလ်မြို့ အနောက်ပိုင်းရှိ Baqir ul Olum ဗလီမှာ နှစ်စဉ်ကျင်းပတဲ့ ဘာသာရေးအခမ်းအနား ပြုလုပ်နေစဉ် ယနေ့ (နိုဝင်ဘာ ၂၁ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၃၀ မှာ အသေခံဗုံးပေါက်ကွဲခဲ့ပြီး လူအများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။

play


အသေခံဗုံးခွဲသူက ဗလီမှာ ဝတ်ပြုဆုတောင်းနေသူတွေကြား ရောက်ရှိလာခဲ့ပြီးနောက် ဗုံးကိုဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အဆိုပါ အသေခံဗုံးခွဲမှုကို ၎င်းတို့ စီစဉ်ခဲ့ကြောင်း ပြောကြားထားပါတယ်။ မျက်မြင်တွေရဲ့အဆိုအရ ဝတ်ပြုဆုတောင်းမှု ပြီးဆုံးခါနီးအချိန်မှာ အသေခံဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

play


အာဖဂန်ရဲတပ်ဖွဲ့က အသေခံဗုံးပေါက်ကွဲမှုကြောင့် လူ ၂၇ ဦး သေဆုံးကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ အာဖဂန်ရှိ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းက ၃၂ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သတင်းအချို့ကလည်း ဒဏ်ရာရရှိသူ အရေအတွက်ဟာ ၅၀ ကျော်ထက် ပိုများပြားနိုင်ကြောင်း ဆိုပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ