International News: ဘိုလီဗီးယားမှာ ပူပြင်းခြောက်သွေ့မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ

ဆယ်စုနှစ် ၂ စုကျော်ကြာ မကြုံစဖူး ပူပြင်းခြောက်သွေ့မှုက ပြည်သူတွေနဲ့ စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်နေမှုကြောင့် နိုင်ငံကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရတာ ဖြစ်ပါတယ်။

play


ဘိုလီဗီးယားနိုင်ငံမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ပူးပြင်းခြောက်သွေ့မှု ဖြစ်ပေါ်နေတာကြောင့် အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဆယ်စုနှစ် ၂ စုကျော်ကြာ မကြုံစဖူး ပူပြင်းခြောက်သွေ့မှုက ပြည်သူတွေနဲ့ စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်နေမှုကြောင့် ယနေ့ (နိုဝင်ဘာ ၂၁ ရက်) မှာ ဘိုလီဗီးယားအစိုးရက နိုင်ငံကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရတာ ဖြစ်ပါတယ်။

play


ပူပြင်းခြောက်သွေ့မှုကြောင့် အိမ်ထောင်စု ၁၂၅,၀၀၀၊ စိုက်ပျိုးမြေဧရိယာ ၇၁၆,၆၀၅ ဧကနဲ့ ကျွဲနွားတိရစ္ဆာန်ကောင်ရေ ၃၆၀,၀၀၀ ကို သက်ရောက်မှုရှိကြောင်း ဘိုလီဗီးယားပြည်သူ့ကာကွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

ဘိုလီဗီးယားသမ္မတ အီဗိုမိုရာလက်စ်က အစိုးရများထံမှ ရေတွင်းများတူးရန် ရန်ပုံငွေနဲ့ လုပ်သားအင်အား တောင်းခံထားပြီး ပူပြင်းခြောက်သွေ့မှု ဖြစ်နေတဲ့ မြို့များကို ရေသယ်ယာဉ်များဖြင့် ရေပို့ဆောင်ထောက်ပံ့ပေးရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

play


သမ္မတအီဗိုမိုရာလက်စ်က အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားရမှာဖြစ်ကြောင်းနဲ့ လက်ရှိ အကျပ်အတည်းဟာ ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံမှာကြုံတွေ့ရတဲ့ ရေပြတ်လပ်မှုကို သင်ခန်းစာယူပြီး ရေရှည်အတွက် ကြီးမားတဲ့ ရင်နှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အခွင့်အရေးဖြစ်ကြောင်း ပြောပါတယ်။ ဘိုလီဗီးယားမှာ ရေပြတ်လပ်မှုကြောင့် ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဘိုလီဗီးယားရှိ မြို့စည်ပင်သာယာရေး အဖွဲ့အစည်း ၃၉၉ ခုအနက် ၁၇၂ ခုနှစ် ပူပြင်းခြောက်သွေ့မှုကြောင့် အရေးပေါ်အခြေအနေများ ထုတ်ပြန်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်အတာဖြင့် အစိုးရက အရေးပေါ်အခြေအနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ