International News: သမ္မတအဖြစ် ပထဆုံးနေ့မှာ ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီမှုမှ နုတ်ထွက်မည်ဟု ထရန့်ပြောကြား

ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံအတွက် ဘေးဒုက္ခဖြစ်စေနိုင်တဲ့ ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီမှုမှ နုတ်ထွက်သွားရန် ရည်ရွယ်ထားကြောင်း ထရန့်က ဆိုပါတယ်။

  play


ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်မှာ သမ္မတအဖြစ် ပထမဆုံးတာဝန်ယူတဲ့နေ့မှာပင် ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီမှုမှ နုတ်ထွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ သမ္မတအဖြစ် ပထမဆုံး ရက် ၁၀၀ မှာ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို ထရန့်က ဗီဒီယိုရိုက်ကူးပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play


ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံအတွက် ဘေးဒုက္ခဖြစ်စေနိုင်တဲ့ ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီမှု (Trans-Pacific Partnership - TPP) မှ နုတ်ထွက်သွားရန် ရည်ရွယ်ထားကြောင်း ထရန့်က ဆိုပါတယ်။ ၎င်းရဲ့ အစီအစဉ်မှာ အမေရိကန်ဦးစားပေး ရိုးရှင်းတဲ့ အဓိကမူဝါဒကို အခြေခံသွားမယ်လို့လည်း ထရန့်က ပြောကြားထားပါတယ်။

ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီမှုကို နိုင်ငံ ၁၂ နိုင်ငံက လက်မှတ်ရေးထိုးထားပြီး အဆိုပါနိုင်ငံများ ကုန်သွယ်မှုပမာဏမှာ ကမ္ဘာ့စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားကြောင်းလည်း သိရပါတယ်။

ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံများမှာ သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကစီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ အမေရိကန် နိုင်ငံတို့ဖြစ်ပါတယ်။ ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီမှုကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၅ ရက်မှာ မူကြမ်းရေးဆွဲခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်မှာ သက်ဆိုင်ရာ နိုင်ငံတွေက လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ