International News: ဂျပန်မှာ ဆူနာမီရေလှိုင်း သတိပေးချက် ရုပ်သိမ်း

အစောပိုင်းမှာ ဂျပန်မိုးလေဝသဌာနက အမြင့် ၁၀ ပေနီးပါးရှိ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကမ်ရိုးတန်းဒေသမှာ နေထိုင်သူတွေကို ချက်ချင်းပြောင်းရွှေ့ရန် ညွန်ကြားခဲ့ပါတယ်။

play


ဂျပန်နိုင်ငံမှာ အင်အားပြင်းလျင် လှုပ်ခတ်ပြီးနောက် ထုတ်ပြန်ထားတဲ့ ဆူနာမီရေလှိုင်း သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဖူကူရှီးမားစီရင်စု ကမ်းလွန်ကို ဗဟိုပြုပြီး ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ဒေသစံတော်ချိန် နံနက် ၅း၅၉ မှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။


ငလျင်ရဲ့ပြင်းအားကို US Geological Survey ဝက်ဘ်ဆိုက်က ၆.၉ ရစ်ခ်ျတာစကေးအဖြစ် ဖော်ပြခဲ့ပြီး ဂျပန်မိုးလေဝသအေဂျင်စီက ၇.၄ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် အိုနာဟားမားဆိပ်ကမ်းမှာ အမြင့် ၃ ပေနီးပါရှိတဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီး စန်ဒိုင်းဆိပ်ကမ်းမှာလည်း အမြင့် ၄.၆ ပေရှိတဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့တယ်။

play


အစောပိုင်းမှာ ဂျပန်မိုးလေဝသဌာနက အမြင့် ၁၀ ပေနီးပါးရှိ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကမ်ရိုးတန်းဒေသမှာ နေထိုင်သူတွေကို ချက်ချင်းပြောင်းရွှေ့ရန် ညွန်ကြားခဲ့ပါတယ်။

ယနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က ရစ်ခ်ျတာစကေး ၉ အဆင့်ရှိ အင်အားပြင်းထန်လှတဲ့ ငလျင်လှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်မှုကြောင့် လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဒေသမှာပင်ဖြစ်ကြောင်း သိရပါတယ်။
Source & Photo: BBC, AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ