International News: အမေရိကန်မှာ ကျောင်းကားမတော်တဆမှုကြောင့် ကလေးခြောက်ဦး သေဆုံး

ဘတ်စ်ကားတိုက်မှု ဖြစ်ပွားစဉ် ဘတ်စ်ကားပေါ်မှာ ကလေးငယ် ၃၅ ဦး လိုက်ပါလာကြောင်းနဲ့ ဒဏ်ရာရရှိတဲ့ ကလေး ၂၃ ဦးကို ဆေးရုံသို့တင်ပို့လိုက်ရပါတယ်။

play

 

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ် ချတ်တန်နိုဂါမြို့မှာ ကျောင်းသားကလေးငယ်များ တင်ဆောင်လာတဲ့ ဘတ်စ်ကားတိုက်မှုဖြစ်ပွားခဲ့ရာ ကလေးခြောက်ဦး သေဆုံးသွားပြီး အခြား ကလေးငယ်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ် ချတ်တန်နိုဂါမြို့မှာ ကျောင်းသားကလေးငယ်များ တင်ဆောင်လာတဲ့ ဘတ်စ်ကားတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။


အဆိုပါ ဘတ်စ်ကားဟာ အသက် ၅ နှစ်မှ ၁၀ နှစ်အရွယ်ရှိ ကျောင်းသားကလေးငယ်တွေကို တင်ဆောင်မောင်းနှင်လာစဉ် တနင်္လာနေ့ (နိုဝင်ဘာ ၂၁ ရက်) မွန်းလွဲ ၄ နာရီဝန်းကျင်မှာ သစ်ပင်ကိုဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။ သတင်းဓာတ်ပုံတွေမှာ မြင်တွေ့ရမှုအရ ဘတ်စ်ကားအမိုးမှာ သစ်ပင်နဲ့တိုက်မိထားပြီး နှစ်ပိုင်းဖြစ်နေပါတယ်။

play


အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် သစ်ပင်ကိုဝင်တိုက်ခဲ့တာ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။ စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ ဘတ်စ်ကားဟာ သစ်ပင်ကို အရှိန်ပြင်းစွာ မတိုက်မီခင် တိုင်တစ်တိုင်ကို ဝင်တိုက်ခဲ့သေးကြောင်း ပြောပါတယ်။

ယခုဖြစ်ရပ်အတွင်း ဘတ်စ်ကားမောင်းနှင်သူမှာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းကို စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။ ဘတ်စ်ကားတိုက်မှု ဖြစ်ပွားစဉ် ဘတ်စ်ကားပေါ်မှာ ကလေးငယ် ၃၅ ဦး လိုက်ပါလာကြောင်းနဲ့ ဒဏ်ရာရရှိတဲ့ ကလေး ၂၃ ဦးကို ဆေးရုံသို့တင်ပို့လိုက်ရပါတယ်။
Source & Photo: BBC, Wochit News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ