International News: အကြမ်းဖက်ခံရနိုင်ခြေရှိသဖြင့် နိုင်ငံခရီးသွားကဏ္ဍ ထိခိုက်မှု ညွှန်ကိန်းတွင် မြန်မာ အဆင့် ၄၅ ချိတ်

ဗြိတိန်၊ ပြင်သစ်တို့လည်း အကြမ်းဖက်ခံရနိုင်မှု အန္တရာယ်ကြောင့် ခရီးသွားကဏ္ဍမှာ ထိခိုက်ခဲ့ရပါတယ်။

play

 

အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ခြေရှိပြီး ခရီးသွားဖို့ မလုံခြုံတဲ့ နိုင်ငံတွေရဲ့ ညွှန်ကိန်းစာရင်းတွေကို သြစတြေးလျ Think Tank ဉာဏ်ကြီးရှငိအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

စီးပွားရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့အစည်း IEP က ထုတ်ပြန်တဲ့ အဆိုပါစာရင်းအရ အကြမ်းဖက် ဖြစ်ရပ်တွေဖြစ်ပွားမှုနဲ့ ပြည်တွင်းရေး မတည်ငြိမ်မှုကြောင့် နိုင်ငံရဲ့ ခရီးသွားကဏ္ဍကို ထိခိုက်ရမှုစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၄၅ ချိတ်ခဲ့ကြောင်း သိရပါတယ်။

လုံခြုံမှု မရှိတာကြောင့် နိုင်ငံတွင်း ခရီးသွားလာမှုကို ရိုက်ခတ်ခံရတဲ့အထဲမှာ အီရတ်က နံပါတ် ၁ ဖြစ်ပါတယ်။ တိုင်းပြည်တွင်းမတည်ငြိမ် ဖြစ်နေကြတဲ့ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နဲ့ ဆီးရီးယားတို့က ခရီးသွားကဏ္ဍအရိုက်ခတ် ခံရဆုံး နိုင်ငံတွေဖြစ်နေပါတယ်။

play

 

ထူးခြားတာက ဒီနှစ်ရဲ့ ညွှန်ကိန်းထဲမှာ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ချေရှိတာကြောင့် ခရီးသွားကဏ္ဍကို ထိခိုက်တဲ့ နိုင်ငံတွေထဲမှာ ဥရောပနိုင်ငံအများအပြားရဲ့ ညွှန်ကိန်းတွေ တိုးပွားလာတာဖြစ်ပါတယ်။

ယူကရိန်း၊ တူရကီ တို့က ဥရောပနိုင်ငံတွေထဲ ရိုက်ခတ်မှု အခံရဆုံး နိုင်ငံတွေဖြစ်ခဲ့ပြီး ဗြိတိန်၊ ရုရှားနဲ့ ပြင်သစ်တို့လည် မြန်မာထက် ခရီးသွားကဏ္ဍ ပိုပြီးထိခိုက်ခဲ့ပါတယ်။ အမေရိကန်တောင်မှ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေ ညွှန်ကိန်းအဆင့်မှာ ၃၆ ရှိတာကြောင့် ခရီးသွားကဏ္ဍမှာ ထိခိုက်ခဲ့ပါတယ်။

Source : The Sun

Photo : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ