International News: ဟာရီကိန်းမုန်တိုင်းအော့တို တိုက်ခတ်မှု သုံးဦးသေဆုံးပြီး ဗဟိုအမေရိကကို ဦးတည်

မုန်တိုင်းတိုက်ခတ်မှုကြောင့် ပနားမားနိုင်ငံမှာ လူသေဆုံးခဲ့ပြီး ကော့စတာရီကာနဲ့ နီကာရာဂူးနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ ရွှေ့ပြောင်းမှုများ ပြုလုပ်ထားရပါတယ်။

play


ကာရစ်ဘီယန်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း အော့တို (Otto) ဟာ နိုဝင်ဘာ ၂၂ ရက်မှာ ဟာရီကိန်းမုန်တိုင်းအဆင့်ကို ရောက်ရှိလာခဲ့ပြီး ဗဟိုအမေရိကကို ဦးတည်နေကြောင်း သိရပါတယ်။

အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပနားမားနိုင်ငံမှာ လူသေဆုံးခဲ့ပြီး ကော့စတာရီကာနဲ့ နီကာရာဂူးနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ ရွှေ့ပြောင်းမှုများ ပြုလုပ်ထားရပါတယ်။

ဟာရီကိန်းမုန်တိုင်းအော့တို တိုက်ခတ်မှု သတင်းဗီဒီယို ဖြစ်ပါတယ်။

အော့တိုဟာ ၂၀၁၆ ခုနှစ်အတွင်း အတ္တလန်တစ်မှာ ၇ ခုမြောက် ဟာရီကိန်းမုန်တိုင်းဖြစ်ပြီး လက်ရှိလေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်ဖြင့် တိုက်ခတ်နေကြောင်း အမေရိကန်နိုင်ငံ အမျိုးသားဟာရီကိန်းစင်တာ (National Hurricane Center - NHC) က ပြောပါတယ်။

ဟာရီကိန်းမုန်တိုင်းဟာ ပိုမိုအားကောင်းလာပြီး ကော့စတာရီကာနဲ့ နီကာရာဂူး ကမ်းရိုးတန်းဒေသတွေကို ချဉ်းကပ်ကာ ကုန်းတွင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

play


မုန်တိုင်းကြောင့် ပနားမား၊ ကော့စတာရီကာနဲ့ နီကာရာဂူးနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးမှုနဲ့ မြေပြိုကျမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း NHC က သတိပေးထားပါတယ်။ ပနားမားနိုင်ငံမှာ ရွှံ့နွံပြိုကျမှုကြောင်း လူနှစ်ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ သစ်ပင်ပြိုလဲမှုကြောင့် ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှာ ဖြစ်တာကြောင့် ကော့စတာရီကာ ကမ်းရိုးတန်းဒေသမှ ဒေသခံ ၄,၀၀၀ ကျော်ကို ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့ပါတယ်။ အလားတူ နီကာရာဂူးမှာလည်း တစ်နိုင်ငံလုံးအတွက် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပြီး ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြရန် ညွန်ကြားထားကြောင်း သိရပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ