International News: ကိုလံဘီယာအစိုးရနဲ့ သူပုန်များ ငြိမ်းချမ်းရေးသဘောတူညီမှု စာချုပ်သစ် လက်မှတ်ရေးထိုးမည်

ငြိမ်းချမ်းရေး သဘောတူညီမှုအသစ် လက်မှတ်ရေးထိုးမှု အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း ဘိုဂိုတာမြို့မှာ ပြုလုပ်သွားမှာပါ။

play
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကိုလံဘီယာသမ္မတ ဆန်းတို့စ်


ကိုလံဘီယာအစိုးရနဲ့ FARC သူပုန်အုပ်စုက ငြိမ်းချမ်းရေး သဘောတူညီမှုအသစ်ကို နိုဝင်ဘာ ၂၄ ရက်မှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း သမ္မတ ဂျူအန်မန်နျူရယ် ဆန်းတို့စ်က နိုဝင်ဘာ ၂၂ ရက်မှာ ပြောကြားပါတယ်။

play
ကိုလံဘီယာငြိမ်းချမ်းရေး ထောက်ခံဆန္ဒပြသူများ


အစိုးရနဲ့ FARC တို့ အစောပိုင်းက ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်မှာ သမ္မတဆန်းတို့စ်နဲ့ သူပုန်ခေါင်းဆောင် တမ်မိုချန်ကိုတို့ သမိုင်းဝင် လက်မှတ်ရေးထိုးခဲ့ပေမဲ့ အောက်တိုဘာ ၂ ရက် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲမှာ ကိုလံဘီယာပြည်သူတွေက ကန့်ကွက်မဲပေးပြီး ပယ်ချခဲ့ပါတယ်။

  play
ငြိမ်းချမ်းရေး သဘောတူညီမှုကို ထောက်ခံသူတစ်ဦး

 

ယခု ပြန်လည်ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု စာချုပ်အသစ်ကိုမူ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရန်မလိုအပ်ဘဲ လွှတ်တော်သို့တင်သွင်းကာ အတည်ပြုမှု ရယူရမှာဖြစ်ကြောင်း သိရပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီမှုအသစ်ကို နိုဝင်ဘာ ၁၂ ရက်မှာ ပထမဆုံး ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီမှုအသစ် လက်မှတ်ရေးထိုးမှု အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှာ ဘိုဂိုတာမြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကိုလံဘီယာမှာ အစိုးရနဲ့ FARC သူပုန်တို့ကြား ၅၂ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လူပေါင်း ၂၆၀,၀၀၀ သေဆုံးခဲ့ပြီး လူဦးရေ ခြောက်သန်း အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ