International News: တရုတ်နိုင်ငံမှာ ကောင်းကင်ရထားနဲ့ သယ်ယူပို့ဆောင်ရေးစနစ်စတင်

ဂျပန်နဲ့ ဂျာမနီတို့က စတင်ခဲ့တာဖြစ်ပြီး တရုတ်ကတော့ ဒီစနစ်ကိုအသုံးပြုတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

play

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှာ တစ်နေရာမှတစ်နေရာကို သယ်ယူပို့ဆောင်ဖို့နဲ့ သွားလာဖို့ ကောင်းကင်ရထားစနစ်ကို စတင်ဖွင့်လှစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ တနင်္လာနေ့က ချန်ဒူးမြို့ အနောက်တောင်ပိုင်းမှာ စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ ကောင်းကင်ရထားနဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို ဂျပန်နဲ့ ဂျာမနီတို့က စတင်ခဲ့တာဖြစ်ပြီး တရုတ်ကတော့ ဒီစနစ်ကိုအသုံးပြုတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

play

 

ကောင်းကင်ရထား ဆောက်လုပ်ရေး ကုန်ကျစရိတ်ဟာ မြေအောက်ရထားစနစ် ကုန်ကျစရိတ်ရဲ့ ၁၂.၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြားသာ ရှိတယ်လို့ ပရောဂျက်ဒီဇိုင်နာမှူး ကျိုင်ဝမ်မင်က ဆိုပါတယ်။ လီသီယံဘက်ထရီကို အသုံးပြုပြေးဆွဲတာဖြစ်ပြီး တစ်နာရီကို ၆၀ ကီလိုမီတာ သွားလာနိုင်တယ်လို့ သိရပါတယ်။ တွဲဆိုင်းတစ်ခုစီမှာ ခရီးသည် ၁၀၀ ကျော် လိုက်ပါနိုင်မှာဖြစ်ကာ ကောင်းကင်ရထားစနစ်ကို တရုတ်တစ်နိုင်ငံလုံးမှာပါ ဖြန့်ကျက်သွားမယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။

Source : CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ