International News: ၂ နှစ်ဆက်တိုက် ပျက်ကျမှုတွေဖြစ်ခဲ့တဲ့ ထိုင်ဝမ်လေကြောင်းလိုင်း ပိတ်သိမ်းလိုက်ရ

လူသေဆုံးမှု များပြားခဲ့ပါတယ်။

play

ထိုင်ဝမ်မှ တရုတ်၊ ဂျပန်နဲ့ အရှေ့တောင်အာရှကို ပြေးဆွဲနေတဲ့ Transasia ထိုင်ဝမ်လေကြောင်းလိုင်းကို အပြီးတိုင် ပိတ်သိမ်းလိုက်ရကြောင်း သတင်းရရှိပါတယ်။

အဆိုပါလေကြောင်းလိုင်းဟာ ယမန်နှစ်များအတွင်း လေယာဉ်ပျက်ကျမှု ဆက်တိုက်ဖြစ်ပွားကာ လူအသေအပျောက်လည်း များခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လက လေယာဉ်အမှတ် ၂၂၂ ဟာ မုန်တိုင်းနဲ့တွေ့ပြီးပျက်ကျကာ လူ ၄၈ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးသာ အသက်ရှင်ခဲ့တဲ့ဖြစ်ရပ် ကြုံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာလည်း လေယာဉ်အမှတ် ၂၃၅ က စက်ချို့ယွင်းကာ တိုင်ပေမြို့ရှိ တံတားတစ်စင်းနဲ့တိုက်ပြီး ကီလောင်မြစ်ထဲကို ထိုးကျခဲ့လို့ လူ ၄၃ ဦး သေဆုံးခဲ့ရပါသေးတယ်။

play
လေယာဉ်အမှတ် ၂၃၅ ပျက်ကျခဲ့စဉ်က

 

လေယာဉ်ပျက်ကျမှုတွေ ၂ နှစ်ဆက် ဖြစ်ပွားခဲ့တဲ့ Transasia လေကြောင်းလိုင်းကို ထိုင်ဝမ်လေကြောင်းလုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပိတ်သိမ်းခိုင်းလိုက်တာဖြစ်ပါတယ်။ လက်မှတ်ဝယ်ထားသူတွေကို ငွေပြန်အမ်းမယ်လို့ ကြေညာထားပေမဲ့ လေကြောင်းလိုင်းမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်း ၁၇၀၀ ကျော် ရဲ့ အနာဂတ်အရေးကတော့ မရေရာပါဘူး။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ