International News: အိမ်ဖြူတော်မှာ အမေရိကန်သမ္မတဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

အားကစား၊ စွန့်ဦးတီထွင်မှု၊ ပရဟိတလုပ်ငန်း၊ ပညာရေး၊ ဖျော်ဖြေရေးနဲ့ အနုပညာကဏ္ဍတို့မှ အောင်မြင်ထင်ရှားသူတွေကို အမေရိကန်သမ္မတက ရွေးချယ်ပေးအပ်တဲ့ ဂုဏ်ပြုဆုဖြစ်ပါတယ်။

play
သမ္မတအိုဘားမားက ဘီလ်ဂိတ်စ်ဇနီးမောင်နှံကို ဂုဏ်ပြုဆုချီးမြှင့်စဉ်


အမေရိကန်နိုင်ငံမှာ သမ္မတက ရွေးချယ်ချီးမြှင့်တဲ့ Presidential Medal of Freedom ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက်က အိမ်ဖြူတော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play
သမ္မတအိုဘားမားက အီလ်လန် ဒီဂျင်နီရက်စ် ဆုချီးမြှင့်စဉ်


အဆိုပါဆုမှာ အားကစား၊ စွန့်ဦးတီထွင်မှု၊ ပရဟိတလုပ်ငန်း၊ ပညာရေး၊ ဖျော်ဖြေရေးနဲ့ အနုပညာကဏ္ဍတို့မှ အောင်မြင်ထင်ရှားသူတွေကို အမေရိကန်သမ္မတက ရွေးချယ်ပေးအပ်တဲ့ ဂုဏ်ပြုဆုဖြစ်ပါတယ်။

play
သမ္မတအိုဘားမားက ရော့ခ်အဆိုတော် ဘရုစ်စပရင်းစတင်းကို ဂုဏ်ပြုဆုချီးမြှင့်စဉ်


အိမ်ဖြူတော်အရှေ့ဘက်ဆောင်မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ သမ္မတအိုဘားမားက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

play
အိုဘားမားနဲ့ မိုက်ကယ်ဂျော်ဒန်


၂၀၁၆ ခုနှစ်အတွက် သမ္မတဂုဏ်ပြုဆုရရှိသူ စုစုပေါင်း ၂၁ ဦးရှိပြီး ရော့ခ်အဆိုတော် ဘရုစ်စပရင်းစတင်း၊ အဆိုတော် ဒိုင်ယာနာရော့စ်၊ ဘတ်စကက်ဘော ချန်ပီယံဟောာင်းနှစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်နဲ့ ကရင်မ်အဗ္ဗဒူလ်ဂျက်ဘာ၊ ဟောလိဝုဒ်မင်းသားတွေဖြစ်တဲ့ တွမ်ဟန့်ခ်၊ ရောဘတ်ဒီနေရိုးနဲ့ ရောဘတ်ရက်ဒ်ဖို့ဒ်၊ ဟာသမင်းသမီးနဲ့ အစီအစဉ်တင်ဆက်သူ အီလ်လန်ဒီဂျင်နီရက်စ်၊ Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်နဲ့ဇနီး စတဲ့ အောင်မြင်ထင်ရှားသူများ ပါဝင်ကြပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ