International News: ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် ပစ်ခတ်မှုကြောင့် သေဆုံးမှုများဖြစ်

စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၁၉ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှု မြင့်တက်လာခဲ့ပါတယ်။

play


နှစ်နိုင်ငံ အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယဘက်က ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယဘက်က ပစ်ခတ်မှုက ခရီးသည်တင်ဘတ်စ်ကားကို ထိမှန်ခဲ့တယ်လို့ ပါကစ္စတန်က ဆိုပါတယ်။

play


အဆိုပါဖြစ်ရပ်အတွင်း အခြား လူ ၁၁ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဘက်က ပစ်ခတ်မှုကြောင့် ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသရှိ အခြားနေရာမှာလည်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယစစ်သားသုံးဦး အသတ်ခံရမှုအတွက် လက်စားချေမယ်လို့ အိန္ဒိယက ကြုံးဝါးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ယခုသတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ယခုနှစ် စက်တင်ဘာလအတွင်းက စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၁၉ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှု မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်က ချုပ်ဆိုထားခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ဖောက်ဖျက်ကြောင်း အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံက အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။
Source & Photo: AP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ